မူဆယ်(၁၀၅)မိုင်၌ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ


မူဆယ် မတ် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်အတွင်း မတ် ၁၂ ရက် ညနေ ၅ နာရီက ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ဦးစိုင်းမြင့်ဦး (၃၅ နှစ်)(နမ့်ပျဉ်ရွာ သီပေါမြို့နယ်နေသူ)မောင်းနှင်လာသည့် 7D/----- FUSO (၁၂)ဘီးယာဉ် (ပို့ကုန် DUTY ၌ ပလတ်စတစ် ဖြတ်စ ၁၆ တန် တင်ဆောင်လာသော) ကားကို X-RAY (2) ဖြင့် ဖြတ်သန်း စစ်ဆေးခဲ့ရာ မသင်္ကာဖွယ်တွေ့ရှိသဖြင့် အကောက်ခွန်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဌေး ဦးစီးအဖွဲ့က ဖွင့်ဖောက်စစ်ဆေးရှာဖွေခဲ့ရာ၌ ယာဉ်ရှေ့ခန်းတွင် ဆာလာအိတ်ဖြင့်ထည့်ထားသည့် ကျောက်စိမ်းအရိုင်းတုံး ခုနစ်တုံး၊ ဖရိန်သံပေါင်နှစ်ခုကြား ပြုလုပ်ထားသည့် အံဝှက်အတွင်းမှ ကျောက်စိမ်းအရိုင်း တုံး ၃၂ တုံး စုစုပေါင်းကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ ၅၅ တုံး၊ အလေးချိန် ၆ဝဝ ကီလိုဂရမ် ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၁၂ဝ ခန့် သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်စိမ်းတုံးများ တရားမဝင်သယ်ဆောင်လာသူ စိုင်းမြင့်ဦးအား မူဆယ်ခရိုင် မူဆယ်မြို့ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း-စိုင်းရိုးသျှား၊ ဓာတ်ပုံ-စိုးမိုး (၁ဝ၅)မိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment