စက်သုံးဆီဆိုင်တွင် ဆီလှယ်ထည့်စဉ် မီးစတင်လောင်ရာမှ စက်သုံးဆီဆိုင်လေးဆိုင် မီးလောင်မှု ပခုက္ကူတွင်ဖြစ်ပွား


ပခုက္ကူ မတ် ၁၄

ပခုက္ကူမြို့ အမှတ် (၆)ရပ်ကွက် မြိုင်သာယာကွက်သစ် ပခုက္ကူ-မြိုင် ကားလမ်းအရှေ့ဘက်ရှိ ဇော်ကြီး စက်သုံးဆီ အရောင်းဆိုင်တွင် မတ် ၁၃ ရက် ညက ဆီဘောက်စ်ဆာကား အတွင်းမှ ဆီများကို ပီပါများ အတွင်းသို့ ဆီလှယ်ထည့်စဉ် မီး လောင်မှုစတင်ဖြစ်ပွားကာ မီးကူး စက် လောင်ကျွမ်းခဲ့သောကြောင့် စက်သုံးဆီဆိုင် လေးဆိုင် ၊ လူသုံးဦး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ဆိုင်ပိုင်ရှင် ဇော်ကြီး (ခ) ဖြိုးဝေလင်း (၄၂နှစ်)၏ ဇော်ကြီး စက်သုံးဆီအရောင်းဆိုင် တွင် အဆိုပါနေ့ည ၁၂ နာရီခွဲက ဆီဆိုင်အလုပ်သမား တင်နိုင်လတ် (၃ဝနှစ်)၊ ဖိုးငြိမ်း(၁၆နှစ်)၊ ထိန်ဝင်း အောင်စသည့် ပခုက္ကူမြို့နေသူ သုံးဦး တို့က ၂၂ဘီး၊ ဂါလန် ၉၂ဝဝ ဆံ့ ဆီ ဘောက်စ်ဆာကားအတွင်းမှ အောက် တိန်း ၉၂ ဆီများကို ပီပါများ အတွင်းသို့ ဆီပိုက်ဖြင့် လှယ်ထည့် စဉ် ဆီပိုက်ထိပ်ရှိ သံပိုက်ခေါင်းနှင့် ဆီပီပါနှုတ်ခမ်းတို့ ပွတ်တိုက်ရာမှ (တည်ငြိမ်လျှပ်စစ်) ဖြစ်ပေါ်ပြီး မီး စတင်လောင်ကျွမ်းခဲ့ကြောင်း တာဝန် ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါ မီးလောင်ရာသို့ ခရိုင် မီးသတ်ဦးစီးမှူး ဦးခင်မောင်သန်း ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် ၂၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇ဝ၊ ရပ်ကွက်နေပြည်သူများနှင့် မီးသတ် ယာဉ် ၁ဝ စီး၊ ရေသယ်ယာဉ် ခြောက်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ မတ် ၁၄ ရက် နံနက် ၂ နာရီတွင် မီးလုံးဝငြိမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် သုံးပင်နှစ်ပင်၊ မြေစိုက်၊ သွပ်မိုး၊ ထရံ ကာ စက်သုံးဆီဆိုင် သုံးဆိုင်၊ သုံးပင် နှစ်ပင်၊ နှစ်ထပ်၊ အုတ်ကာ၊ သွပ်မိုး စက်သုံးဆီဆိုင် တစ်ဆိုင်နှင့် စုစုပေါင်း ဆီပီပါ ၄၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မီးလောင်မှုကြောင့် ဆီဆိုင် အလုပ်သမား တင်နိုင်လတ်၊ ထိန်ဝင်း အောင်နှင့် ဆီကားနောက်လိုက် အောင်ဇော်လတ် စုစုပေါင်း သုံးဦး တို့တွင် မစိုးရိမ်ရ မီးလောင်ဒဏ်ရာ ရရှိခဲ့သောကြောင့် ပခုက္ကူဆေးရုံသို့တက်ရောက်ဆေးကုသမှု ခံယူလျက် ရှိကြောင်းသိရပြီး ထိုမီးလောင်မှု နှင့်ပတ်သက်၍ ထိန်ဝင်းအောင်၊ တင်နိုင်လတ်နှင့် ဖိုးငြိမ်းတို့သုံးဦး အား ပခုက္ကူမြို့နယ် မြို့မရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment