Houthi သူပုန်ကို ဆော်ဒီ တိုက်ခိုက်တာကို အီရန်ရှုတ်ချ

မြို့တော် လေဆိပ်ကို ဆော်ဒီ တပ်တွေ ဝေဟင်ကနေ တိုက်ခိုက်ပြီးတဲ့နောက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြစဉ် (Credit: Reuters) 
ရီမန်နိုင်ငံ ​အစိုးရကို ​ကူညီတဲ့အနေနဲ့ ​ဆော်ဒီအာရေးဘီးယား ​နိုင်ငံက ​ရီမန် ​သူပုန်တွေကို ​ဝေဟင်ကနေ ​တိုက်ခိုက်တာကို ​အီရန်အစိုးရက ​ရှုတ်ချလိုက်ပါတယ်။

ဆော်ဒီအာရေးဘီးယားနဲ့ ​တခြား ​ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ ​Houthi ​သူပုန်တွေကို ​ဒုတိယမြောက်နေ့အဖြစ် ​ဝေဟင်ကနေ ​တိုက်ခိုက်ခဲ့ကြတာ ​ဖြစ်ပါတယ်။

အခုအချိန်အထိ ​စစ်သားတွေကို ​မြေပြင် ​ပို့မပို့ ​ဆိုတာ ​မဆုံးဖြတ်ရသေးပေမယ့် ​စစ်သားတွေတော့ ​အသင့်ဖြစ်နေပြီလို့ ​ဆော်ဒီအာရေးဘီးယား ​စစ်တပ်က ​ပြောပါတယ်။

ဆော်ဒီအာရေးဘီးယားက ​Houthi ​သူပုန်တွေကို ​တိုက်ခိုက်နေတာကို ​Houthi ​သူပုန်ကို ​ထောက်ခံတဲ့ ​အီရန်နိုင်ငံက ​ရှုတ်ချခဲ့တာ ​ဖြစ်ပါတယ်။

Houthi ​သူပုန်တွေရဲ့ ​ထိုးစစ်ဆင်မှုတွေကြောင့် ​ရီမန် ​သမ္မတက ​Aden ​မြို့ကနေ ​ရေကြောင်းနဲ့ ​ထွက်ပြေးခဲ့ရပြီး ​ဆော်ဒီအာရေးဘီးယား ​နိုင်ငံမှာ ​ရှိနေတယ်လို့လည်း ​သိရပါတယ်။

ဆော်ဒီ ​အာရေးဘီးယား ​တပ်တွေရဲ့ ​တိုက်ခိုက်မှုအတွင်း ​ပြည်သူ ​တချို့ ​သေဆုံးခဲ့ရတာတွေလည်း ​ရှိခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment