အလုပ်သမားအခွင့်အရေးအပြည့်အ၀ရမှသာ စင်ကာပူသို့ အိမ်အကူပြန်လွှတ်ရန် MoU ထိုးမည်

အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိမှသာ စင်ကာပူ သို့ အိမ်အကူအလုပ်သမားများစေလွှတ်ရေးအတွက် MoU လက် မှတ်ရေးထိုးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအိမ်အကူလုပ်သား စေလွှတ်မှုကို တရားဝင်ရပ်နား ထားစဉ် အလုပ်သမားလိုအပ် ချက်ကြောင့် စင်ကာပူနိုင်ငံမှ ပြန် လည် ကမ်းလှမ်းလာခဲ့သော် လည်း အလုပ်သမားများ၏ အခွင့် အရေးကို အာမခံချက်ပေးနိုင်မှ သာ နှစ်နိုင်ငံအလုပ်သမားအဖွဲ့ ချုပ်ချင်း ရေးထိုးမည့်စာချုပ်ကိုလက်ခံသဘောတူသွားမည်ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်အတွင်းရေးမှူးဦးကျော် ထင်ကျော်ကပြောသည်။

‘‘အခုထိတော့ ကျွန်တော်တို့ လိုချင်တဲ့အချက်တွေ ရဖို့တောင်း ဆိုထားတယ်။ အဓိကကတော့ တ ခြားအလုပ်သမားတွေနဲ့ တန်းတူ အလုပ်သမားအခွင့်အရေးဖြစ်တဲ့ နားချိန်၊ အလုပ်ပိတ်ရက်နဲ့ လုပ် လစာမှန်မှန်ကန်ကန် ရရှိရေးဆိုတဲ့အချက်တွေပါပဲ’’ဟု ၎င်းကပြောသည်။

ယခင်က မြန်မာအိမ်အကူ လုပ်သားများ အထက်ပါအခွင့်အ ရေးများအပြည့်အ၀မရရှိသဖြင့် အလုပ်ရှင်၏ ကိုယ်ထိလက် ရောက်စော်ကားမှု၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှုများနှင့် အလုပ် ပိတ်ရက် ခံစားခွင့်မရရှိခြင်းတို့ကြောင့် နစ်နာမှုများဖြစ်ပေါ်ခဲ့ သည်။အဆိုပါတောင်းဆိုမှုများအ တွက် တစ်ဖက်နိုင်ငံရှိ အလုပ်သ မားအဖွဲ့ချုပ်က အတည်ပြုအ ကြောင်း ပြန်ကြားခြင်းမရှိသေး သော်လည်း အလုပ်သမားလိုအပ် ချက်များနေ သဘောတူလက်ခံနိုင်ဖွယ်ရှိသည်ဟု မြန်မာပြည်အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးကမှတ်ချက်ပြုသည်။

မြန်မာနိုင်ငံသည် အိမ်အကူ လုပ်သားများအခွင့်အရေးဆုံးရှုံး မှုနစ်နာမှုများရှိလာခြင်းကြောင့် ပြီးခဲ့သည့်နှစ်မှစ၍ စင်ကာပူသို့ ယင်းလုပ်သားစေလွှတ်ခွင့်ကိုရပ် ဆိုင်းခဲ့ခြင်းဖြစ်သည်။အလားတူ အခြားသောပြည်ပနိုင်ငံများက မြန်မာအိမ်အကူလုပ်သားခေါ်ယူ ကမ်းလှမ်းချက်များ ရှိနေသော် လည်း အစိုးရဘက်က စေလွှတ်ခွင့် ပေးထားခြင်းမရှိတော့ဘဲ ဆိုင်းငံ့ ထားခဲ့သည်။

အိမ်အကူလုပ်သားစေလွှတ် မှုကို အစိုးရဘက်က ရပ်ဆိုင်းထား သော်လည်း တရားမ၀င် ထွက်ခွာ လုပ်ကိုင်မှုများ ဆက်လက်ဖြစ် ပေါ်နေခြင်းကြောင့် စည်းမျဉ်း စည်းကမ်းနှင့်အညီ တရားဝင်စေ လွှတ်ခွင့်ရရှိရန် အေးဂျင့်များက လည်း မျှော်လင့်နေကြကြောင်းသိ ရသည်။

‘‘MoU ထိုးပြီး တရားဝင်စေ လွှတ်ခွင့်ရရင်တော့ ပြန်ပို့ဖို့စိတ် ၀င်စားတယ်။ ဒီအလုပ်သမားစေ လွှတ်ရတာကတခြားအလုပ်မျိုးနဲ့ မတူတဲ့အတွက် တာဝန်လည်း ပို ကြီးတယ်။ အရင်ပုံစံမျိုးနဲ့ပို့ဖို့ကတော့ မဖြစ်နိုင်ဘူး’’ဟု လမင်းသာပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ခံတစ်ဦးကပြောသည်။

MoU စနစ်ဖြင့် စေလွှတ်ပါ က အလုပ်သမားများအခွင့်အရေး ကို အလုပ်သမားလက်ခံ ခေါ်ယူသည့် တစ်ဖက်နိုင်ငံအလုပ်သမားအဖွဲ့ချုပ်က အာမခံစောင့်ကြည့်ကာကွယ်ပေးရမည်ဖြစ်ပြီး နစ်နာဆုံးရှုံးမှုအတွက် အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးမှုပြုလုပ်နိုင်မည်ဖြစ်သည်။

‘‘ဒီလိုလုပ်လိုက်ရင် တရားမ ၀င် ထွက်ခွာလုပ်ကိုင်နေမှုတွေကို လည်း လျော့ပါးသွားစေနိုင်တယ်။ အာမခံချက်မရှိဘဲ သွားတာထက် အာမခံချက်ရှိရှိနဲ့ သွားတာက ပို လုံခြုံတော့ တရားဝင် သွားရောက် မှုဘက် ပိုစိတ်ဝင်စားလာကြမယ် လို့ ယူဆတယ်’’ဟု ဦးကျော်ထင် ကျော်ကပြောသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများ အခွင့်အရေးနှင့် လုံခြုံမှုအာမခံချက်ရရှိမှုအဖွဲ့ချုပ်နှစ်ခု၏ သဘောတူညီချက်အပေါ် မူတည်စောင့်ကြည့်ပြီး ပြန်လည်စေလွှတ်ခွင့်ပေးမပေး ဆုံးဖြတ်သွားမည်ဟု အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးမျိုးအောင်က ဖေဖော်ဝါရီလအတွင်း ပြောကြားခဲ့သည်။
Source:7daydaily.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment