မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး NLD ကူညီမည်


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိပြီး ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့စာရင်းမှာ အမည်စာရင်း မပါသူတွေကို ကူညီနိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

NLD မဲစာရင်း စိစစ်ရေးအဖွဲ့က ဥပဒေနဲ့အညီ မဲပေးခွင့်ရအောင် ကူညီဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"ကျနော်တို့ကပေါ့ အခြေခံမဲစာရင်းမှာ သူမပါဘူး၊ သူဘာကြောင့်မပါတာလဲ၊ ကျနော်ရွှေ့ပြောင်းလာလို့မပါတာပါ၊ ဘာကြောင့်မပါတာလဲ၊ ဒါကိုကြည့်ပြီးတော့ ကျနော်တို့က ဥပဒေနဲ့ညီသွားအောင်လုပ်ပေးမှာပါ၊ တချို့နေရာမှာ လည်း ကွင်းဆင်းပြီးကြည့်ရမှာလည်း ပါတာပေါ့ဗျာ၊ တချို့ကပြည်သူလူထုကို လက်ကမ်းစာစောင်တွေ ကမ်းထား ပါတယ်၊ မဲစာရင်းထဲမှာပါဖို့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်သွယ်ပါဆိုပြီး လက်ကမ်းစာစောင်တွေ ရှိပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လာပြီးတော့ဆက်သွယ်တဲ့ဥစ္စာတွေကို သူတို့ရဲ့မဲစာရင်းတွေကို ကျနော်တို့ပြန်ပြီးတော့ စိစစ်မှာပါ၊ စိစစ်ပြီးတော့ အမည်ပါလာခွင့်ရှိသူကို အမည်ပါလာအောင်လုပ်ပေးမှာပါ"

အဲဒီ မဲစာရင်း စိစစ်ရေးအဖွဲ့တွေကို မြို့နယ်တိုင်းမှာ ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမယ့်အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဆိပ်ကြီးခနောင်တို၊ ဆိမ်ကမ်း၊ ဒဂုံ၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်နဲ့ ကမာရွတ်မြို့နယ်မှာ မဲပေးခွင့်ရှိသူစာရင်းတွေကို ဒီလ ၃၀ရက်နေ့ကစပြီး ဧပြီလ ၁၂ ရက်နေ့အထိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ တိုင်းရွေးကောက်ပွဲကော်မရှင်မှာ ကြေညာ ထားတာ ဖြစ်ပါတယ်။

ကျန်တဲ့ မြို့နယ်တွေက မဲပေးခွင့်ရှိသူစာရင်းတွေကိုလည်း ဧပြီလကုန်ကစပြီး ဆက်လက်ထုတ်ပြန်မှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment