Twitter သုံးတွေတွေအတွက် Twitter ရဲ့ Android Version App မှာ ပိုမိုဆန်းသစ်လှပတဲ့ ပြောင်းလဲမှုများပြုလုပ်





Twitter ရဲ့ မိုဘိုင်းလ် app ဟာ Android Version မှာ  iOS နဲ့မတူညီတော့ပဲ အနည်းငယ် ပြောင်းလဲသွားပြီး ပိုမို ကြည့်ကောင်းပြီး ဆန်းသစ်ခဲ့ပါတယ်။ ဘာတွေပြောင်းလဲသွားလဲဆိုရင်တော့ စပြောရမှာက ထိပ်ပိုင်းပါ။
Header Images လို့ခေါ်တဲ့ ဓါတ်ပုံနေရာဟာ Facebook မှာဆိုရင် Cover Photo လိုနေရာမျိုးပါ။ Avatar Photos လို့ခေါ်တဲ့ ဓါတ်ပုံနေရာဟာ Facebook မှာဆိုရင် Profile Picture လိုနေရာမျိုးပါ။ ယခင် Twitter ရဲ့ မိုဘိုင်းလ် ဗားရှင်းမှာတော့ Header Images ဟာ ခပ်ဝါးဝါးသာ နောက်ကွယ်မှာ ဖော်ပြထားပြီး Avatar Photos ဟာ Header Images ရဲ့ အပေါ်တည့်တည့် အလယ်ဗဟိုမှာနေရာ ယူထားတဲ့အတွက် ကြည့်ရတာ ရုပ်ဆိုးပါတယ်။
အခုတော့ ထိုဓါတ်ပုံနေရာတွေဟာ Facebook နဲ့ ပုံစံ ဆင်တူသွားပြီး သုံးစွဲသူရဲ့ ကိုယ်ရေးအကျဉ်းကိုဖော်ပြတဲ့ Bio နေရာဟာလည်း Instagram ကဲ့သို့ ဖော်ပြခွင့်ရရှိခဲ့ပါတယ်။ ယခင်က လတ်တလော ပြုလုပ်ထားတဲ့ Tweet ၃ ခုခန့်ကိုသာ ဖော်ပြတာမျိုးမဟုတ်တော့ပဲ သုံးစွဲသူတစ်ယောက်ရဲ့ Tweet တစ်ခုကို စာလုံးရေ ၁၄၀ အထိ ဖော်ပြထားတဲ့ Tweet ပေါင်း မြောက်များစွာကို Scroll လုပ်ပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် navigate ပြုလုပ်ဖို့အတွက် အကြိမ်ပေါင်းများစွာနှိပ်နေဖို့မလိုတော့ပါဘူး။ ဘယ် (သို့) ညာကို လက်ချောင်းနဲ့ ဆွဲပြီးရွှေ့ပြောင်းလိုက်ရုံနဲ့ tweet တွေမှတစ်ဆင့် ၊ ဓါတ်ပုံတွေ ၊ Favourites တွေကို ပြောင်းလဲကြည့်ရှုနိုင်မှာပါ။ အဲဒီလို ကြည့်ရှုနေချိန်မှာတော့ bio ၊ Avatar နဲ့ Header image တို့ကတော့ မပြောင်းလဲပဲ တည်ရှိနေမှာပါ။
ဒီတစ်ကြိမ်မှာတော့ Twitter ရဲ့ ပြောင်းလဲမှုဟာ ပိုမိုလှပ ဆန်းသစ်တယ်လို့ဆိုနိုင်ပေမယ့် နည်းပညာ သမားအချို့ကတော့ ads တွေ ပိုများပြားစွာ ကြော်ငြာနိုင်ရန် နေရာများ ဖန်တီးလိုက်တာဖြစ်တယ်လို့ ဝေဖန်ထားကြပါတယ်။
Ref:engadget.com
Mario 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment