ရှန်ကျန်း-Window operating system အသုံးပြုသူများအားလုံး အတွက် Window 10 ကို အခမဲ့ အဆင့်မြှင့်တင်ပေးရန် ကမ်းလှမ်း ပြီး ခိုးကူးမှုများသော တရုတ် ကွန် ပျူတာဈေးကွက်သို့ မိုက်ကရို ဆော့ဖ်ကုမ္ပဏီ ထိုးဖောက်ဝင် ရောက်လာသည်။
Window OS အစစ်ကို အ သုံးပြုသူဖြစ်စေ၊ ခိုးကူးထားသူ ဖြစ်စေ၊ မိုက်ကရိုဆော့ဖ်က Windwo 10 သို့ အဆင့်မြှင့်ပေး မည်ဖြစ်သည်။
တရုတ်နိုင်ငံရှိ Window OS သုံးစွဲသူ သန်းပေါင်းများစွာ၏ ကွန်ပျူတာများတွင် ၎င်းတို့၏ တ ရားဝင် OS များ အသုံးပြုစေရေး ကြိုးပမ်းမှုမှာ မိုက်ကရိုဆော့ဖ် ကုမ္ပဏီ၏ မကြုံစဖူးလုပ်ရပ်တစ် ခုဖြစ်သည်။
တရုတ်နိုင်ငံတွင် စားပွဲတင် ကွန်ပျူတာဆော့ဖ်ဝဲ အားလုံး၏ လေးပုံသုံးပုံမှာ သေချာစွာ လိုင် စင်ယူထားခြင်းမရှိကြောင်း မကြာ သေးမီက လေ့လာမှုတစ်ရပ်အရ သိရသည်။
ယင်းအစီအစဉ်ကို တရုတ် နိုင်ငံ ရှန်ကျန်းမြို့တွင် ကျင်းပ သည့် WinHEC နည်းပညာ ညီ လာခံ၌ မိုက်ကရိုဆော့ဖ်ကုမ္ပဏီ ၏ OS အဖွဲ့ တာဝန်ရှိသူ တယ်ရီ မေယာဆင်က ကြေညာခဲ့ခြင်းဖြစ် သည်။
Window 10 ကို တစ်ကမ္ဘာ လုံး အတိုင်းအတာဖြင့် ယခုနှစ် နွေရာသီတွင် ဖြန့်ချိသွားမည်ဟု မေယာဆင်က ပြောသည်။
မိုက်ကရိုဆော့ဖ် ကုမ္ပဏီ အချိန် သတ်မှတ်ချက် ကြေညာ ခြင်းမှာ ယခု ပထမဆုံးအကြိမ် ဖြစ်ပြီး ယင်းကုမ္ပဏီ၏ ဖြန့်ချိမှု ရာဇ၀င်အရ Window 10 ကို ဆောင်းဦးရာသီမှသာ ထုတ်ဝေ မည်ဟု ယခင်က မျှော်လင့်ထား သည်။
အင်တာနက်ပေါ်မှ Office ကဲ့သို့ ၀န်ဆောင်မှုများကို ရောင်း ချခြင်းကြောင့် ဆုံးရှုံးသွားသော ၀င်ငွေများအတွက် ကာမိစေရန် နှင့် ကွန်ပျူတာအသုံးပြုသူများ ၎င်းတို့၏ OS ကို ဆက်လက်သုံး စွဲရေး ကြိုးပမ်းမှုအဖြစ် Window 7 (သို့မဟုတ်) ယင်းထက်နောက် ကျသော Window OS များကို Window 10 သို့ အဆင့်မြှင့်ပေး သွားမည်ဟု မိုက်ကရိုဆော့ဖ် ကုမ္ပဏီက ပြောသည်။
ထို့ပြင် လက်ရှိ Window OS သုံးနေသူများအတွက် တရုတ် နိုင်ငံတွင် Window 10 ဖြန့်ချိရေး အထောက်အကူဖြစ်စေရန် မိုက် ကရိုဆော့ဖ်က လီနိုဗိုကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေပြီး လက် ကိုင်ဖုန်းကုမ္ပဏီ ရှောင်မီနှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်
7day daily
0 comments:
Post a Comment