ရခိုင်သောင်းကျန်းသူ ၅ ဦး ဖမ်းဆီးရမိ


 တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေး တိမ်းရှောင်နေသော ရခိုင် သောင်းကျန်းသူ ၅ ဦးအား ဖမ်းဆီးရမိ

 နေပြည်တော်၊ ဧပြီ - ၂၁

 ပလက်ဝဒေသအတွင်း ပင်လုံကျေးရွာ၊ အောင်လံချောင်း ကျေးရွာများ အနီး၌ ဧပြီ ၁၇ ရက်တွင် တပ်မတော် စစ်ကြောင်းများနှင့် ရခိုင်သောင်းကျန်းသူ အင်အားအချို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီး သောင်းကျန်းသူများ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက ရခိုင်သောင်းကျန်းသူများ ခိုအောင်းနိုင်သော နယ်မြေများအား ရှင်းလင်းဆောင်ရွက်ရာ တပ်မတော် စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာတွင် ပါဝင်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေသူ ရခိုင်သောင်းကျန်းသူများ ခိုအောင်းနေကြောင်း ဒေသ ခံပြည်သူများ၏ သတင်းပေးချက်အရ ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းတွင် စပါးဆိပ်ရွာ အနောက်ဘက်တောစပ်၌ ခိုအောင်းနေသော ရခိုင်သောင်းကျန်း သူ တပ်သားအဆင့်ရှိ ကျော်ဝင်း(ဘ)ဦးခိုင်စိုး ၃၂ နှစ်နှင့် စိန်ကျော်သန်း (ဘ) ဦးဘသန်း ၃၅ နှစ် တို့ ၂ ဦးကို လည်းကောင်း၊ ညနေပိုင်းတွင် ညောင်ပင်လှရွာ အပြင်ဘက်တွင် ခိုအောင်းနေသော ရခိုင်သောင်းကျန်းသူ ဗိုလ်အဆင့်ရှိ ထွန်းအောင်ဖြူ (ဘ)ဦးဖြူဒေါင်း ၃၀ နှစ်နှင့် တပ်သားအဆင့်ရှိ ဇင်မျိုးအောင် (ဘ) ဦးငလုံးချေ ၃၃ နှစ်၊ ဒဏ်ရာရရှိထားသော ညီလှိုင် (ဘ)ဦးသာတိုး ၃၀ နှစ်တို့ ၃ ဦးကိုလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသော ရခိုင်သောင်းကျန်းသူများသည် လက်နက်၊ ခဲယမ်းများကို အခြားနေရာများတွင် သိုဝှက်ထား ခဲ့ရာ ပိန္နဲချောင်းရွာ အရှေ့တောင်ဘက်ရှိ လျှိုအတွင်းမှ အမ်(၂၂) ၂ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၈၀ တောင့်၊ လက်ပစ်ဗုံး ၅ လုံးနှင့် အီကွေးမန့် ၂ စုံ ကိုလည်းကောင်း၊ အောင်လံချောင်းရွာ အရှေ့မြောက်ဘက်ရှိ လျှိုအတွင်းမှ အမ်(၂၂) ၃ လက်၊ ကျည်အိမ် ၈ ခု၊ ကျည် ၁၆၇ တောင့်၊ လက်ပစ်ဗုံး ၄ လုံးနှင့် အီကွေးမန့် ၃ စုံကို လည်းကောင်း၊ စုစုပေါင်း အမ်(၂၂) ၅ လက်၊ ကျည်အိမ် ၁၂ ခု၊ ကျည် ၂၄၇ တောင့်၊ လက်ပစ်ဗုံး ၉ လုံးနှင့် အီကွေးမန့် ၅ စုံတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ ရခိုင်သောင်းကျန်းသူ ၅ ဦးအား စစ်ဆေးမေးမြန်း၍ သတင်း ဆက်ဖော်ထုတ်လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်း ရခိုင်သောင်းကျန်း သူများ စိမ့်ဝင်ခိုအောင်းမှုမရှိစေရေး တပ်မတော်စစ်ကြောင်းများက ဆက်လက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment