ကျောက်ဖြူကံ့ကော်တော ဘုရားဖူးကား တိမ်းမှောက် တစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ


ကျောက်ဖြူ၊ ဧပြီ ၁၈

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသို့ ဘုရားဖူး ထော်လာဂျီ တိမ်းမှောက်ရာမှ တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာမှ မောင်ကွမ်း (၁၅) နှစ်ဖြစ်သည်။

၎င်းထော်လာဂျီသည် သိုင်းချောင်းကျေးရွာမှနေ ကျောက်ဖြူမြို့ ကံ့ကော်တောသို့ ဘုရားသို့ထွက်ခွာ လာစဉ် ဒိုးတန်းတောင်နှင့် အုန်းတောရွာ အကြားတွင် ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ တွင် အရှိန်လွန်ပြီး တိမ်းမှောက်သွားခဲ့သည်ဟု ဒေသအတွင်းမှ ရဲအရာရှိ တစ်ဦးဖြစ်သူ ရဲအုပ် စိုးကြည်က အတည်ပြု ပြောကြားသည်။

ထော်လာဂျီ နံပတ်မှာ ၉ ဌ/ ၃၅၈၈၄ ဖြစ်ပြီး မောင်းသူ သိုင်းချောင်းရွာမှ အောင်စိုးဝင်း (၂၁) နှစ်မှာ ထွက်ပြေးသွားကြောင်း ယင်းရဲအရာရှိက ဆိုသည်။

ဒဏ်ရာ ရသူ ခြောက်ဦးရှိပြီး သူတို့ကို ဆေးရုံတင်ပို့လိုက်ရသည်ဟု သိရသည်။

ကျော်ဝင်း / နိရဉ္စရာ
http://www.narinjara.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment