သေဒဏ်စီရင်ခြင်းခံရမည့် ဘာလီနိုင်း အကျဉ်းသားတစ်ဦး ထောင်ထဲတွင် ထိမ်းမြားလက်ထပ်


ဂျကာတာ ဧပြီ ၂၇

အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးဝါး သယ်ဆောင်မှု ဖြင့် သေဒဏ်စီရင်ခြင်း ခံရတော့မည့် ဘာလီနိုင်းအကျဉ်း သားနှစ်ဦးအနက် တစ်ဦးသည် ၄င်း၏ ချစ်သူနှင့်အတူ ထောင်ထဲတွင် ယနေ့ထိမ်းမြားလက်ထပ်လိုက်ပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။

အရင်းနှီးဆုံးမိတ်ဆွေများနှင့် မိသားစုဝင်များရှေ့တွင် သေဒဏ်စီရင်ခြင်းခံရမည့် အကျဉ်းသားတစ်ဦးဖြစ်သည့် အန်ဒရူးချန်က ၄င်း၏ချစ်သူ ဖက်ရန်တီဟီတီဝီလာနှင့်အတူ ထောင်တွင်းထိမ်းမြားလက်ထပ်ပွဲကို ကျင်းပခဲ့သည်ဟု အန်ဒရူးချန်၏အစ်ကိုဖြစ်သူ မိုက်ကယ်ချန်က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၏ 'သေမင်းတမန်ကျွန်း'ဟု တင်စား ခေါ်ဝေါ်ကြသည့် လုံခြုံရေးတင်းကျပ်သော အကျဉ်းထောင်ထဲတွင် အန်ဒရူးချန်နှင့် အပေါင်းပါဖြစ်သူ မျူရယ် စူကူမာရမ်တို့သည် ဧပြီ ၂၈ ရက် ညသန်းခေါင်အချိန် တွင် သေနတ်ဖြင့်ပစ်ကာ ကွက်မျက်ခြင်းခံရမည်ဖြစ်သည်။

¤င်းတို့အား ၇၂ နာရီအတွင်းကွက်မျက်ရန် တရားဝင် အကြောင်းကြားစာကို ဧပြီ ၂၅ ရက်က ရရှိခဲ့ပြီးဖြစ်သည်။

''သမ္မတအနေနဲ့ သူတို့ကို သနားရင် သေဒဏ်ကနေ လွှတ်ပေး လို့ရတယ်။ သူတို့တွေရဲ့အသက်ဟာ သမ္မတ လက်ထဲမှာ ရှိတယ်'' ဟု မိုက်ကယ်ချန်က ဆိုသည်။

၂ဝဝ၅ ခုနှစ် ဧပြီ ၁၇ ရက်က အင်ဒိုနီးရှားနိုင်ငံမှ သြစတြေးလျ နိုင်ငံသို့ ဒေါ်လာ ၃ ဒသမ ၁ သန်း တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၃ ကီလိုဂရမ် သယ်ဆောင်ရန် ကြိုးပမ်းခဲ့သည့်အတွက် သြစတြေးလျနိုင်ငံသား ကိုးဦးအား အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ဖမ်းဆီးရမိခဲ့သည်။

ယင်းတို့အနက် အန်းဒရူးချန်နှင့် မျူရယ် စူကူမာရမ် တို့မှလွဲပြီး ကျန် ခုနစ်ဦးအား ထောင်ဒဏ် ၁၈ နှစ်မှ တစ်သက်တစ်ကျွန်းကျခံရန် စီရင်ချက်ချမှတ်ခဲ့သည်။ အန်ဒရူးချန်နှင့် မျူရယ် စူကူမာရမ်တို့ကို သစ်သားပျဉ်ပြား အရှည်များပေါ်တွင် ကြိုးဖြင့်ချည်နှောင်ထားပြီး ရဲအရာရှိ ၁၂ ဦးက ၎င်းတို့၏နှလုံးနေရာသို့ သေနတ်ဖြင့်ပစ်ကာ ကွက်မျက်မည်ဖြစ်သည်။

နိုင်ငံအတွင်းတွင် မူးယစ်ဆေးဝါးသုံးစွဲမှုအရေအတွက် မြင့်တက်နေချိန်ဖြစ်သဖြင့် သေဒဏ်စီရင်ခြင်းခံရမည့် အန်ဒရူးချန်နှင့် မျူရယ် စူကူမာရမ်တို့အား ကရုဏာထားပြီး လွှတ်ပေးရန်မဖြစ်နိုင်ကြောင်း အင်ဒိုနီးရှားသမ္မတက ဆိုသည်။

စကိုင်းနယူးစ်
The Mirror Daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment