အပြည့်အ၀ လကြတ်မှုဖြစ်စဉ်ကြောင့် ကြုံဒေါင့်ကြံခဲ ပန်းဆီရောင်လ ဖြစ်ပေါ်မည်



ဝါရှင်တန် ၊ ၃-၄-၂၀၁၅

ဧပြီ ၄ ရက်တွင် အပြည့်အဝ လကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ်ပြီး ကြုံဒေါင့်ကြုံခဲ ပန်းဆီရောင်လ ဖြစ်ပေါ်မှုကို အမေရိကန် နိုင်ငံသားများ အနေဖြင့် တစ်နှစ်အတွင်း သုံးကြိမ်မြောက် မြင်တွေ့ခွင့် ရမည် ဖြစ်ကြောင်း သိရသည်။

ပစိဖိတ် စံတော်ချိန် နံနက် ၃ နာရီ ၁၆ မိနစ်တွင် လကြတ်မှု ဖြစ်စဉ် စတင်မည် ဖြစ်ပြီး လသည် ကမ္ဘာ၏ အရိပ်ထဲသို့ တဖြည်းဖြည်း တိုးဝင်သွားမည် ဖြစ်သည်။ လကြတ်မှု ဖြစ်စဉ်သည် ၄၅ မိနစ်ခန့်  ကြာမြင့်မည် ဖြစ်ပြီး ၄ နာရီ ၅၈ မိနစ်တွင် အပြည့်အဝ လကြတ် သွားမည်ဖြစ်သည်။

မစ္စစ္စပီမြစ် အရှေ့ဘက်ခြမ်း တွင် နေထွက် လာမည် ဖြစ်သည့်အတွက် တစ်ပိုင်းတစ်စ လကြတ်ခြင်း ကိုသာ မြင်တွေ့ ရမည် ဖြစ်ပြီး မစ္စစ္စပီမြစ် အနောက်ဘက်ခြမ်း မှ လကြတ်မှု ဖြစ်စဉ်ကို အစအဆုံး မြင်တွေ့ နေရမည် ဖြစ်သည်။ လသည် ကမ္ဘာအရိပ် အလယ်ဗဟိုကို ဖြတ်သန်းခြင်း မဟုတ်ဘဲ ဘေးမှ ပန်းထွက် သွားမည် ဖြစ်သည့် အတွက် အပြည့်အဝ လကြတ်ခြင်းသည် အချိန်အားဖြင့် ၄ မိနစ် ၄၃ စက္ကန့်သာ ကြာမြင့်မည် ဖြစ်ပြီး အပြည့်အဝ လကြတ်ပြီး သည်နှင့် လရောင်မှာ ပန်းဆီရောင် ဖြစ်ကျန် နေခဲ့မည် ဖြစ်ကြောင်း သိရသည်။

နေသည် ကမ္ဘာ၏ အနောက်ဘက်မှ မီးမောင်းထိုး ထားသည့်နှယ် ဖြစ်နေပြီး ကမ္ဘာ၏ အမှောင်ဘက် ခြမ်းက လကိုမျက်နှာမူ နေမည်ဖြစ်ရာ နေအလင်းက ကမ္ဘာ၏ အဝန်းမှ လျှံထွက်လာသည့် အလင်းအပေါ် သက်ရောက်သည့် အတွက် လအရောင် နီနေမည် ဖြစ်ကြောင်း သိရသည်။

၎ မိနစ်ခန့် လအပြည့်အဝ ကြတ်မည့် ဖြစ်စဉ်ထက် ပန်းဆီရောင် လကို စောင့်ကြည့် လိုသူပိုများ နေပြီး နံနက် ၇ နာရီ ၅၈ မိနစ်ထိ ပန်းဆီရောင် သမ်းနေမည့် လကို ကမ္ဘာတစ်ဝန်းမှ နက္ခတာရာ စောင့်ကြည့် လေ့လာသူ ဝါသနာရှင်နှင့် ပညာရှင်တို့က မှတ်တမ်းတင် သွားရန် ပြင်ဆင် နေကြောင်း သိရသည်။

အပြည့်အဝ လကြတ်ခြင်းကို အာရှတိုက်နှင့် အမေရိကတိုက် တို့မှ တွေ့မြင်ရမည် ဖြစ်ပြီး ဥရောပနှင့် အာဖရိက တို့က တွေ့မြင် ရမည် မဟုတ်ပေ။ ခြောက်လခြား တစ်ကြိမ် အပြည့်အဝ လကြတ်မှု လေးကြိမ် ဆက်တိုက် ဖြစ်ပေါ်ခြင်းကို Tetrad ဟု ခေါ်ဆိုပြီး ယခုတစ်ကြိမ် လကြတ်ခြင်း သည် ဤ Tetrad ၏ တတိယမြောက် လကြတ်မှု ဖြစ်ကာ နောက်ဆုံး အပြည့်အဝ လကြတ်မှုသည် စက်တင်ဘာ ၂၈ တွင် ဖြစ်ပေါ်မည်ဟု သိရသည်။

''ဧပြီ ၄ ရက်မှာ ဖြစ်ပေါ်မယ့် အပြည့်အဝလ ကြတ်မှုဟာ Tetrad ဖြစ်စဉ်ရဲ့တတိယမြောက် လကြတ်မှု ဖြစ်ပါတယ်။ ခြောက်လစီ ခြားပြီး အပြည့်အဝ လကြတ်တာဟာ တကယ့်ကို ကြုံခေါင့်ကြုံခဲ ဖြစ်စဉ် ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် ဧပြီ ၁၅ ရက်မှာ တစ်ကြိမ်၊ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၈ ရက်မှာ တစ်ကြိမ်၊ အခု ဧပြီ ၄ ရက်မှာ တစ်ကြိမ်နဲ့ စက်တင်ဘာ ၂၈ ရက်မှာ တစ်ကြိမ် အပြည့်အဝ လကြတ်မယ့် Tetrad ဖြစ်စဉ်ပဲ ဖြစ်ပါတယ်'' ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment