Amy Winehouse ဟာ သူနဲ့ ကွာရှင်းချင်စိတ် မရှိခဲ့ဘူးလို့ ခင်ပွန်းဟောင်း Blake အခိုင်အမာဆို


ကွယ်လွန်သွားပြီဖြစ်တဲ့ ဗြိတိန် အဆိုတော်မလေး Amy Winehouse ရဲ့ ခင်ပွန်းဟောင်းက Amy Winehouse ဟာ သူနဲ့ ကွာရှင်းချင်စိတ် မရှိခဲ့ဘူးလို့ အခိုင်အမာ ဆိုလိုက်ပါတယ်။
အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ မူးယစ်ဆေးသုံးစွဲသူဟောင်း Blake Fielder-Civil က သူတို့ လင်မယားရဲ့ ကွာရှင်းစာချုပ်မှာAmy Winehouse လက်မှတ်ထိုးခဲ့ရတာဟာ အတင်းအကျပ်စေခိုင်းမှုကြောင့် ဖြစ်တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။
သူမရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့ အတင်းအကျပ်စေ ခိုင်းခဲ့ကြ တာပါ။ ငါတို့ ဖုန်းပြောတုန်းက သူမက ကွာရှင်းချင်စိတ် မရှိဘူးလို့ပြောခဲ့ပါတယ်။ တစ်ပတ်လောက်အကြာမှာ ငါ့ရှေ့ကိုရောက်လာတဲ့ စာချုပ်ဟာ သူမလက်မှတ် အစစ် ဟုတ်မဟုတ် တိတိကျကျ မသိခဲ့ရပါဘူး” လို့ Blake က the Sun သတင်းဌာနကို ပြောပြခဲ့ပါတယ်။
ဒါပေမယ့်လည်း Blake က သူ့အနေနဲ့ Amy Winehouse ရဲ့ ချမ်းသာကြွယ်ဝမှုကို လိုချင်တက်မက်စိတ် မရှိခဲ့ဘူးဆိုတာ သက်သေပြချင်တဲ့အတွက် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Blake ဟာ Amy ရဲ့ အောင်မြင်မှု အရှိန်ကောင်းနေစဉ်မှာ သူမနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၁ မှာ Amy Winehouse မသေဆုံးခင် တစ်ပတ် အလိုထိ သူတို့ ၂ ယောက်ဟာ အဆက်အသွယ် ရှိခဲ့ကြတယ်လို့ သိရပါတယ်။
Amy Winhouse ဟာ Blake အကြောင်း Not The Penny ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ ရေးစပ်သီဆိုခဲ့ဖူးသလို မသေဆုံးခင်မှာတော့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Reg Traviss ဆိုသူနဲ့ စေ့စပ်ခဲ့ပါတယ်။
Ref:mirror.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment