အချစ်ရေးက အရမ်းစိတ်ညစ်ခဲ့ရလို့ သူချစ်ကိုပဲ ရှာတော့မယ့် ရတနာမိုင်


သီချင်းခွေ စီစဉ်နေတဲ့ ရတနာမိုင်က မိုးတွင်းမှာ နယ်ရှိုးပါးတဲ့ အတွက်ကြောင့် ဓာတ်ပုံရိုက်တာတွေနဲ့ ဗီဒီယိုရိုက်ကူးမှုတွေကိုသာ လက်ခံထားတယ်လို့သိရပြီး လတ်တလောမှာ တစ်ကိုယ်တော် အခွေအတွက်လည်း သီချင်းတွေစုဖြစ်နေတယ်လို့ ဖွင့်ဟလာပါတယ်။ 
သူမနဲ့ တွေ့ဆုံခိုက် ပြောပြသွားတဲ့ အကြောင်းအရာလေးတွေကတော့ "အခုလတ်တလော က ညီမလေး အတွဲခွေတွေထဲမှာ ဆိုပေးထားတယ်။ နောက်ပြီး ဦးသိန်းတန်နဲ့ ဆိုထားတဲ့ ဟာကိုလဲ သီချင်းသွင်းဖို့ရှိတယ်။ ညီမလေး နောက်ထပ် တစ်ကိုယ်တော် သီချင်းခွေအတွက် စလုပ်နေပြီ။ သီချင်းခွေက အရင်နဲ့မတူတဲ့ ပုံစံလေးတွေပါမယ်။ သီချင်းမြူးမြူးလေးတွေလဲ ညီမအပ်ထားတယ်။ အရင်ခွေနဲ့တော့ ကွဲမှာပါ။ တစ်ကိုယ်တော်ခွေမှာ ထူးခြားချက် မေမေ့သီချင်းလေးကို ပြန်ဆိုဖို့ရှိတယ်။ မေမေနဲ့ ဦးမင်းအောင်နဲ့ဆိုထားတဲ့ မောင်နဲ့မလွမ်းပိုဆိုတဲ့ သီချင်းလေးကို စုံတွဲပြန်ဆိုဖို့ရှိတယ်။ ဘယ်သူနဲ့ ဆိုမလဲဆိုတာကိုတော့ လျှို့ဝှက်ထားပါတယ်။ ခုလူကြိုက်များနေတဲ့ အဆိုတော်တစ်ယောက်နဲ့ တွဲဖက်ပြီးဆိုဖြစ်မှာပါ။  နောက်ပြီး ဒီမိုးတွင်းက နဲနဲအားတော့ နယ်ရှိုးထက် ကုမ္ပဏီပွဲတို့၊ ဒင်နာပွဲတို့လောက်ပဲ ညီမဆိုဖြစ်နေတယ်။  ဓာတ်ပုံလေးတွေ ရိုက်ပေးဖြစ်တယ်။"လို့ သူမက  ပြောပြသွားပါတယ်။
ဗီဒီယိုရိုက်ဖို့လက်ခံထားတာလေးတွေကိုလည်း သူမက "အဲ့ဒါကတော့ အမျိုးသမီး ၄ ယောက် ဇာတ်ပါ။ မြန်မာအမျိုးသမီးတွေ အပြင်မှာ ဖြစ်ပျက်နေတာကို ရိုက်မှာ။ ၇ပိုင်းမှာ ရိုက်ပါမယ်။ ဗီဒီယိုကားလေးပါပဲ။ အရင်ကလဲ ညီမဗီဒီယိုကားလေးတွေ ရိုက်ခဲ့ဖူးတယ်။ အရင်ကတော့ ညီမကိုယ့် အဆိုဖက်ကိုပဲ အားစိုက်နေတော့ ဗီဒီယိုဖက်ကို သိပ် အာရုံမထည့်ဖြစ်ဘူး။ အခုတော့ ပြန်ပြီး စိတ်ဝင်စားလာတာကြောင့်ရယ်၊ မိုးတွင်းအားနေတာကြောင့်လဲ ပါတယ်။ ရိုက်ဖြစ်တာပါ။ ဒါပေမဲ့ သရုပ်ဆောင်ဖက်ကတော့ ကိုယ်လိုင်း မဟုတ်တဲ့အတွက် ဧည့်သည်သဘောပါပဲ အစ်မရယ်။ အဆိုတော်ကတော့ ကိုယ့်လိုင်းပေါ့။ ရပ်တည်မှုကတော့ မြန်မာနိုင်ငံအရဆိုရင် အစုံလုပ်တာ ပိုကောင်းမှာမို့လို့ သရုပ်ဆောင်ဖက်ရော၊ အဆိုဖက်ရောကို ခုနောက်ပိုင်းမှာ အနုပညာရှင်တွေတော်တော်များများ မျှပြီး လုပ်တာဖြစ်ပါလိမ့်မယ်"တဲ့။
အချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ "ခုလောလောဆယ် တစ်ကိုယ်တည်းပဲ အစ်မ။ သမီး ရှေ့နှစ်လောက်တော့ အချစ်ရေးကို စဉ်းစားဖြစ်မယ်။ လက်ရှိအချိန်မှာ နားလည်ထားတဲ့အချစ်က အရမ်းကို စိတ်ညစ်ရတယ်ပေါ့။ အဲ့ဒါကြောင့်ခုချိန်မှာ အချစ်ရေးကို မစဉ်းစားပဲ အနုပညာ အလုပ်ကို ပဲကြိုးစားနေတယ်။ ကိုယ်ချစ်ထက် သူချစ်ရှာတာကောင်းတယ်။ အဲ့ဒါကြောင့် ညီမလေးလဲ သူချစ်ပဲ ရှာမယ်။ အိမ်ကလဲ တားမြစ်ထားတယ်။ သူတို့သဘောတူမှ သဘောကျပြီဆိုမှ ညီမနဲ့ အဆင်ပြေမယ်လို့ပြောထားတဲ့ အတွက်ကြောင့် အိမ်က ဆန္ဒကလဲ ညီမအတွက်အရေးကြီးပါတယ်"လို့ သူမက ပြောခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment