မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေ ဘယ်လိုမြင်ကြသလဲဆိုတာ


သဘာဝအတိုင်းကို လှနေသူတွေကတော့ ဒီအဖြေကို သဘောကျမယ် မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီအဖြေကို ကြားပြီးပြီးချင်းမှာပဲ ကျွန်မတို့အားလုံး စိတ်အလိုမကျဖြစ်သွားရလို့ပါ။ မီဒီယာတွေ အားလုံးက Kim Kardashian လို့ လူမျိုးတွေကို ခွဲစိတ်ပြုပြင်တာမျိုးတွေ မလုပ်ကြဖို့ နှိုးဆော်တိုက်တွန်းနေချိန်မှာ တစ်ဖက်မှာတော့ ဒီလို ပလတ်စတစ်ဆာဂျရီလုပ်တာနဲ့ ပတ်သက်ပြီး အကောင်းမြင်သဘောကျနေတာတွေ ရှိနေပါတယ်။ အထူးသဖြင့် အမျိုးသားတွေပါ။ ဒါ့ကြောင့် Kim Kardashian ဟာ အမျိုးသားတွေကြား စတားဖြစ်နေတာပေါ့။
 
မှန်ပါတယ်။ လေ့လာမှုအသစ်တစ်ခုအရ လူတွေဟာ ပလတ်စတစ်ဆာဂျရီလုပ်ထားတဲ့ သူတွေကို ပိုအလေးပေးကြသလို၊ ပိုလည်း သတိပြုနေတတ်ကြပါတယ်။ ဒါ့အပြင် အဲ့ဒီလို လုပ်ထားတဲ့သူတွေကိုလည်း အမျိုးသားတွေက ပိုစိတ်ဝင် စားကြပါတယ်။
 
အထူးသဖြင့် သူတို့မခွဲစိတ်ခင်တုန်းက ပုံတွေနဲ့ ခွဲစိတ်ပြီး ပုံတွေဟာ သူတို့ရဲ့ အာရုံတွေကို ပိုဆွဲဆောင်နိုင်တယ်လို့ Georgetown တက္ကသိုလ်က ဒေါက်တာ Michael Reilly က ဆိုပါတယ်။ အမျိုးသားတွေဟာ ဒီလိုပုံတွေကို ယှဉ်ကြည့်ပြီး အရင်နဲ့မတူ ဘာတွေပြောင်းလဲသွားသလဲ၊ ပိုဆွဲဆောင်မှုရှိသွားလား၊ ပိုမိန်းမဆန်သွားလား စသဖြင့် စိတ်ဝင်စားတတ်ကြပါတယ်တဲ့။ အဖြေကလည်း ရှင်းပါတယ်။ ခွဲစိတ်ပြီးပြောင်းလဲသွားတဲ့ အလှကို သူတို့ ပိုသဘောကျကြပါတယ်။ အဲ့ဒီလို လူတွေကို သူတို့က ပိုဆွဲဆောင်မှုရှိသွားတယ်လို့ သတ်မှတ်လိုက်ကြပါတယ်။

Ref:yourtango
Source:trend.com.mm
 
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment