တရုတ်က အဆင့်မြင့်ပြီး အကုန်ကျများတဲ့ ကင်ဆာအကျိတ် ကုသမှုအတွက် ကမ္ဘာ့တတိယမြောက်လည်းဖြစ်တဲ့ သူ့ရဲ့ပထမဆုံးစင်တာကို မေလ ၈ ရက်နေ့က ရှိန်ဟိုင်းမြို့တော်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒြပ်မှုန်ကုထုံး (particle therapy) ဖြစ်တဲ့ ယင်းကုထုံးမှာ ရောဂါဖြစ်နေတဲ့ တစ်ရှူးကို အထူးသဖြင့်အကျိတ်တွကို ရောင်ခြည်ပေးကုဖို့ ပက်ထရိုန်ရောင်စဉ်တန်းတွေ ၊ အိုင်းယွန်းအပြင်းစားတွေ အသုံးပြုထားပါတယ်။
ယင်းစင်တာကို China Food and Drug Administration မှ ၄င်းရဲ့ အကျိုးသက်ရောက်မှုနဲ့ ဘေးကင်း လုံခြုံမှုတွေကို စစ်ဆေးဆောင်ရွက်ပြီးနောက် မတ်လမှာ အတည်ပြုခဲ့ပါတယ်။ ၄င်းစက်တစ်စုံ တပ်ဆင်ဖို့ ယွမ်ငွေ ၁.၃ မီလီယံ (၂၁၀ မီလီယံဒေါ်လာ) အထိ အကုန်အကျခံခဲ့ ကြပါတယ်။
ဒီ particle therapy ကုထုံးရဲ့ အားသာချက်မှာ တခြားသော အပြင်ဘက်ကနေတဆင့် X-ray ထိုင်းကုသမှုစတဲ့ ဓာတ်ကင်ကုထုံးတွေနဲ့ ယှဉ်ရင် ရောဂါဖြစ်တဲ့နေရာဆီ တိတိကျကျ ပစ်မှတ်ထား ကုပေးနိုင်စွမ်းပိုရှိတယ်။ ဒိပြင် သောက်ဆေးထိုးဆေးတွေလည်း နည်းလာတာကြောင့် မလိုအပ်ပဲ တစ်ရှူးပျက်ဆီးမှုတွေ လျော့နည်းစေပါတယ်။
အကုန်ကျစရိတ်များလွန်းတဲ့ သုတေသနပြုမှုနဲ့ ကောင်းသထက် ပိုကောင်းအောင် လုပ်ဆောင်မှုတွေကြောင့် အမေရိက၊ ဂျပန် နဲ့ ဂျာမနီစတဲ့ ဖွံ့ဖြိုးပြီးနိုင်အချို့မှာသာ အသုံးပြုနိုင်သေးပါတယ်။
Ref: Xinhua
Source:trend.com.mm
0 comments:
Post a Comment