ကြွက်ချေး၊ လူ့ကျင်ရည်နဲ့ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်ပစ္စည်းအတုတွေက သုံးစွဲသူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေပါတယ်။
မိတ်ကပ်၊ ရေမွှေး၊ ဆံပင်ပုံသွင်းကိရိယာတွေနဲ့ နေရောင်ကာကွယ်ခရင်မ်တွေဟာ အတုပြုလုပ်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေဖြစ်ပါတယ်။
UK နိုင်ငံမှာ ထုတ်ကုန် အတုတွေအပေါ် နှစ်စဉ် အနည်းဆုံး ပေါင် ၉၀ မီလီယံ အသုံးပြုထားပြီး အွန်လိုင်းဈေးဝယ်မှု များပြားလာခြင်းကြောင့် ပစ္စည်းထုတ်လုပ်မှုနဲ့ ဝက်ဆိုက်ပေါ် အတုရောင်းချမှုတွေ များပြားလာနေပါတယ်။
အထူးသဖြင့် အလှကုန်ပစ္စည်းအတုတွေ ပိုမိုအတွေ့များလာပြီး လေလံတင်ရောင်းချတဲ့ အင်တာနက်ဝက်ဆိုက်တွေ၊ အွန်လိုင်းဈေးကွက်၊ မသမာတဲ့ဝက်ဆိုက်တွေနဲ့ လူမှုမီဒီယာတွေပေါ် အလွယ်တကူ ရရှိနိုင်ပါတယ်။
ကုန်ပစ္စည်းတွေကိုလည်း သုံးစွဲသူတွေ ဝယ်ချင်လာအောင် လှည့်စားဖို့ ဓာတ်ပုံအတုတွေကိုလည်း မကြာခဏသုံးလေ့ရှိတယ်။
ရေမွှေးတုတွေမှာ ဆိုင်ယာနိုက်အဆိပ်နဲ့ လူ့ကျင်ရည် အပါအဝင် အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ မကြာခဏ ပါဝင်ကြောင်း ဓာတ်ခွဲစမ်းသပ်မှုများက ဖော်ပြထားပါတယ်။
မျက်လုံးဆိုးဆေးလိုင်နာ၊ မျက်တောင်ဆိုးဆေး mascara ၊ နှုတ်ခမ်းနီစတဲ့ အလှပြင် ပစ္စည်းအတုတွေမှာ အဆိပ်ပမာဏ များပြားတဲ့ ဓာတုပစ္စည်းတွေနဲ့ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်တာ တွေ့ရပါတယ်။
ဒီအရာတွေ အားလုံးက အရေပြားယားယံခြင်း၊ ဖူးယောင်ခြင်း၊ အဖုအပိမ့်ထွက်ခြင်းနဲ့ အရေပြားလောင်ခြင်းစတဲ့ ဓာတ်မတည့်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။
Ref: Mirror
Source:trend.com.mm
0 comments:
Post a Comment