ကိုယ့်ရာသီခွင်နဲ့ လိုက်ဖက်တဲ့ လက်သည်းနီဆိုးဆေး အရောင်တွေ သိချင်တယ်ဆိုရင်









တစ်ချို့လူတွေက အယုံအကြည် မရှိကြပေမယ့် ကိုယ်မွေးတဲ့ ရာသီခွင်နဲ့ လိုက်ပြီး လူတစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ စွမ်းရည်၊ အားသာချက်တွေ ရှိနေကြပါတယ်။ ဒါ့အပြင် မတူညီတဲ့ စတိုလ်တစ်မျိုးချင်းစီကိုလည်း ရာသီခွင်နဲ့ လိုက်ပြီး ပိုင်ဆိုင်ကြပြန်ပါတယ်။ သင့်စိတ်ထဲမှာ ရှိနေတဲ့အရာတွေ၊ သင့်ရာသီခွင်ကို ကိုယ်စားပြုတဲ့ အရောင်တွေ ရှိနေတယ်ဆိုတာကိုလည်း မယုံမရှိပါနဲ့။ ဒီအချက်ဟာ ထူးခြားတာမို့ သင့်ရာသီခွင်နဲ့ လိုက်ဖက်တဲ့ လက်သည်းနီအရောင်လေးတွေ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
Aries ( အနီရောင်)
မတ်လ ၂၁ရက်ကနေ ဧပြီ ၁၉ရက်အတွင်း မွေးဖွားသူတွေဟာ Aries ရာသီဖွားတွေပါ။ စိတ်ခံစားချက်ပြင်းထန်သလို၊ စိတ်အားထက်သန်မှုအပိုင်းကလည်း အမြင့်ဆုံးမှာ အမြဲရှိတတ်တဲ့ Aries ရာသီဖွားတွေအတွက်ကတော့ အနီရောင်ဟာ အလိုက်ဖက်ဆုံးလို့ သိရပါတယ်။
Pisces (ပန်းရောင်)
ဒီရာသီဖွားတွေဟာ ဖေဖော်ဝါရီ ၁၉ ကနေ မတ်လ ၂၁ရက်အတွင်း မွေးဖွားသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ညင်သာပျော့ပျောင်းကြသလို ချိုချိုသာသာပြောဆို ပြုမူတတ်ကြသူများ ဖြစ်ပါတယ်။ ဖက်ရှင်ကျကျနေတတ်သူတွေလို့ ပြောရင်လည်း မမှားပါဘူး။ သူတို့အတွက် အရောင်ကတော့ ပန်းရောင်ပါတဲ့။
Aquarius (မက်မန်းရောင်)
ဇန်န၀ါရီ ၂၀ ရက်ကနေ ဖေဖော်ဝါရီ ၁၉ရက်အတွင်း မွေးဖွားသူတွေကတော့ Aquarius ရာသီဖွားတွေ ဖြစ်ပါတယ်။ မြင့်မြတ်တဲ့သဘောဆောင်တဲ့အပြင် သူတို့ကို ကြည့်လိုက်ရင် စိတ်တွင်းဘာရှိသလဲဆိုတာ ခန့်မှန်းလို့မရနိုင်သူတွေမို့ ဒီရာသီဖွားနဲ့ လိုက်ဖက်တဲ့ အရောင်ကတော့ ခရမ်းရောင် ဖြစ်ပါတယ်။
Capricorn ( ခရမ်းရောင်)
ဒီဇင်ဘာ ၂၁ရက်ကနေ ဇန်န၀ါရီ ၂၀အတွင်း မွေးဖွားကြတဲ့ Capricorn ရာသီဖွားတွေကတော့ စိတ်ဓာတ်ပြတ်သားပြီး ခိုင်မာကြသူတွေ ဖြစ်ပါတယ်။ သူတို့ကြိုက်တဲ့ အရောင်တွေဆိုရင် အနက်၊ အဖြူ၊ အပြာ စတဲ့ အရောင်ရင့်တွေကိုသာ ဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ သစ္စာတရားကြီးမားသူတွေ ဖြစ်တဲ့အတွက် သူတို့ကို ကိုယ်စားပြုတဲ့ အရောင်ဟာ ခရမ်းရောင်ပါပဲတဲ့။
Sagittarius (မဲနယ်ရောင်)
နိုဝင်ဘာ ၂၀ နဲ့ ဒီဇင်ဘာ ၂၁ကြား မွေးဖွားသူတွေကတော့ Sagittarius ရာသီဖွားတွေပါ။  သူတို့ဟာ အမြဲတမ်း တစ်ခုခုကို လွမ်းဆွတ်နေသလိုမျိုး ခံစားနေရတတ်ပါတယ်။ ဒါပေမယ့် အဆိုးဘက်ကတော့ မဟုတ်ပါဘူး။ ဒါ့အပြင် အပြာရောင်၊ အပြာရောင်နဲ့နွယ်တဲ့ အရောင်တွေကို သဘောကြတတ်ကြတာမို့ သူ့တို့ကို ကိုယ်စားပြုတဲ့ အရောင်ကိုတော့ မဲနယ်ရောင် ရွေးချယ်ပေးထားပါတယ်။
Scorpio (ကျောက်စိမ်းရောင်)
ဒီရာသီဖွားတွေကတော့ အောက်တိုဘာ ၂၃ရက်နေ နိုဝင်ဘာ ၂၂ ရက်အတွင်း မွေးဖွားသူတွေပါ။ သူတို့တွေကလည်း ခန့်မှန်းရခက်တဲ့အပြင် မှော်ဆန်တဲ့အစွမ်းသတ္တိတွေ ပိုင်ဆိုင်ကြတယ်လို့ ဆိုထားပါတယ်။ သူတို့ကို ကိုယ်စားပြုတဲ့ အရောင်ကတော့ ကျောက်စိမ်းရောင်လို့ ဆိုပါတယ်။
Libra  (အစိမ်းရင့်ရောင်)
စက်တင်ဘာ ၂၃ရက်ကနေ အောက်တိုဘာ ၂၃ရက်အတွင်း မွေးဖွားကြတဲ့ Libra ရာသီဖွားတွေကတော့ သူတို့ဘ၀မှာ သူတို့နဲ့ ဟာမိုနီကျကျ စီးမျောနိုင်မယ့်သူတွေကိုသာ သဘောကျတတ်ကြပါတယ်။ ချစ်သူဆိုရင်လည်း ဒီအတိုင်းပါပဲ။ ရှေ့သွားနောက်လိုက် ညီညီလေးနဲ့ သူများထက် ထူးထူးခြားခြားပုံစံမျိုးတွေကို နှစ်ခြိုက်ကြပါတယ်။ သူတို့ကို အစိမ်းရင့်ရောင် က ကိုယ်စားပြုတယ်လို့ ဆိုပြန်ပါတယ်။
Virgo ( သံပုရာခွံအရာင်)
သြဂုတ် ၂၃ရက်နေ စက်တင်ဘာ ၂၃ရက်တွင်း မွေးဖွားတဲ့ Virgo ရာသီဖွားတွေဟာ အားလုံးနဲ့ အံဝင်ခွင်ကြဖြစ်အောင် နေထိုင်ဖို့ ကြိုးစားကြသူတွေပါ။ ပေါ့ပေါ့ပါးပါးနေတတ်ကြတာမို့ သူတို့ကိုတော့ သံပုရာစိမ်းရောင်၊ အစိမ်းနုရောင်လေးနဲ့ လိုက်ဖက်မှုရှိပါတယ်တဲ့။
Leo ( ရှောက်သီးခွံအရောင်)
Leo အတွက် အရောင်ကိုတော့ နေရောင်ခြည်နဲ့ အဆုံးအဖြတ်ပေးခဲ့တာလို့ ဆိုပါတယ်။ သူဟာ ရာသီခွင်တွေထဲမှာ တော်ဝင်ရာသီလို့လည်း ဆိုကြပါတယ်။ သူတို့ဟာ သူတို့ဘ၀တွေကို တောက်ပနေအောင်ကြိုးစားကြတယ်။ များသောအားဖြင့်လည်း အကောင်းမြင်ပေးတတ်ကြပါတယ်တဲ့။ Leo ရာသီဖွားတွေကတော့ ဇူလိုင် ၂၂ရက်နဲ့ သြဂုတ် ၂၃ ရက်ကြားမွေးဖွားသူတွေပါ။
Cancer (အ၀ါရောင်)
အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကိုသာ အမြဲရှာဖွေတတ်သူတွေဟာ Cancer ရာသီဖွားတွေလို့ ဆိုထားပါတယ်။ သူတို့ကို ကိုယ်စားပြုတဲ့ အရောင်ကတော့ အ၀ါရောင်ပါပဲ။ ဇွန် ၂၁ရက်နဲ့ ဇူလိုင် ၂၂ရက်ကြား မွေးဖွားသူတွေဟာ Cancer ရာသီဖွားတွေပါ။
Gemini (လိမ္မော်ရောင်နု)
မေလ ၂၁ရက်နဲ့ ဇွန်လ ၂၁ရက်ကြား မွေးဖွားသူတွေဟာ Gemini ရာသီဖွားတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ တစ်ခုခုကို စွန့်စွန့်စားစားလုပ်ချင်တတ်ကြသလို ဖန်တီးနိုင်စွမ်းအားတွေလည်း များတယ်လို့ ဆိုပါတယ်။ ဒါကိုကိုယ်စားပြုပေးလိုက်တဲ့ အရောင်က လိမ္မော်ရောင်ပါတဲ့။
Taurus (လိမ္မော်ရောင်အရင့်)
ဧပြီလ ၂၀ရက်နေ့ နဲ့ မေလ ၂၀ရက်နေ့ကြား မွေးဖွားသူတွေဟာ Taurus ရာသီဖွားတွေပါ။ သူတို့ဟာ စိတ်စွမ်းအားပြင်းထန်ပေမယ့် လက်တွေ့ကျသူတွေပါတဲ့။ သူတို့အတွက် အရောင်ကတော့ လိမ္ပော်ရောင်ခပ်ရင့်ရင့်လေးပဲ ဖြစ်ပါတယ်။

Ref:yourtango
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment