ပြုံယမ်း မေ ၉
ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ (ဒီပီအာကေ) သည် ရေအောက် ရေငုပ်သင်္ဘောပေါ်မှ မဟာဗျူဟာ တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင် စွာ စမ်းသပ်နိုင်ခဲ့ကြောင်း တရားဝင် သတင်းအေဂျင်စီတစ်ခုက စနေနေ့ တွင် သတင်းထုတ်ပြန်ထားသည်။
အကယ်၍ ဤစမ်းသပ်မှုသည် အမှန်တကယ်ဆိုပါက စစ်ရေးစွမ်း ဆောင်မှုကို တိုးတက်စေမည်သာမက ဒုံးကျည်တပ်ဆင်ထားသော ရေငုပ် သင်္ဘောများကိုပါ တိုးတက် တည် ဆောက်နိုင်မည့် အလားအလာရှိမည် ဖြစ်သည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အဆိုပါဒုံးကျည် စမ်း သပ်ရန် အမိန့်ပေးလိုက်ပြီး စမ်းသပ် မှုကို စောင့်ကြည့်ခဲ့ကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (ကေစီအင်န် အေ) က သတင်းထုတ်ပြန် ထားသည်။
အဆိုပါ ရေအောက်တိုက်ချင်း ပစ်ဒုံးကျည်ကို ထိပ်တန်းတာဝန်ရှိ သူတစ်ဦး၏ ကြီးကြပ်မှုဖြင့် ထုတ်လုပ် ခဲ့ခြင်းဖြစ်ကြောင်း သတင်းအေဂျင် စီက ဖော်ပြသည်။
သို့ရာတွင် အဆိုပါ စမ်းသပ် သည့် ရက်စွဲကို ဖော်ပြခြင်းမရှိကြောင်း သတင်းအေဂျင်စီက ဖော်ပြသည်။
အဆိုပါ ရေအောက်တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှု အောင်မြင်ပါက ရေငုပ်သင်္ဘောမှ ပစ်လွှတ်လိုက်သော ဒုံးကျည်များသည် နောက်ဆုံးအနေ ဖြင့် စစ်ရေး၊ သိပ္ပံနယ်ပယ်နှင့် နည်းပညာပိုင်းလိုအပ်မှုများကို ဖြည့် စွမ်းပေးနိုင်မည်ဖြစ်ကြောင်း အစိုးရ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် ကုလသမဂ္ဂ၏ ဒုံးကျည်ပြုလုပ်သည့် နည်းပညာရပ်နှင့်ပတ်သက်ပြီး အရေး ယူပိတ်ဆို့မှုရှိနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
ရေငုပ်သင်္ဘောပေါ်မှ တိုက်ချင်း ပစ်ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ် နိုင်ခဲ့ကြောင်း ကင်ဂျုံအန်းက ပြော ကြားခဲ့သည်ဟု ဆိုသည်။
(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment