ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားငါးရာကျော် တက်ရောက်သော အလုပ်သမား ဖိုရမ်ကို ရွှေပြည်သာမြို့နယ် မြို့ဦးစေတီရှိ သာသနာ့ ဗိမာန်တော်ကြီးတွင် မေလ ၁၇ ရက်ကပြုလုပ်ခဲ့သည်။ အဆိုပါဖိုရမ်မှ အလုပ်သမားများ၏စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
ကိုဖြိုးဝေအောင် (ရွှေပြည်သာ Red Stone အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ)
လက်ရှိမှာ OT (အချိန်ပို)ဆင်းတာနဲ့ ပတ်သက်ပြီးပေါ့။ အချိန် ပိုဆင်းရမယ်ဆို ကြိုပြော သင့်တယ်။ ဒီနေ့ OT ဆင်းရမယ်ဆို ဒီနေ့မှ ပြောတယ်။ အရင်ကဆို ကျွန်တော် တို့ကို လက်မှတ်တွေ ဘာတွေ ထိုးခိုင်းပြီးမှ ရုံးတင်တာ။ နောက်ပိုင်း ကျွန်တော်တို့ကို လက်မှတ်တောင် မထိုးခိုင်းတော့ဘူး၊ သူတို့ဘာသာ သူတို့ တင်ပြီး ဆင်း ခိုင်းတာ။ အဲဒီမှာ OT မဆင်းချင်တဲ့ သူကိစ္စရှိလို့ ပြန်မယ့်သူဆို ကိုယ့် အစီအစဉ်နဲ့ ကိုယ်ပြန်ခိုင်းတယ်။ ဖယ်ရီ မပေးဘူး။ တချို့တွေက အရမ်းဝေးတယ်လေ။ ဖယ်ရီ တောင်းတော့ မပေးနိုင်ဘူး။ မဖြစ် မနေ ကိစ္စရှိလို့ ပြန်ရမယ့်သူက အချိန်ပိုကလည်း မဆင်းချင်၊ ဖယ် ရီကလည်း မရ၊ နောက်ဆုံး တော့ ဆင်းပေးရတာပဲ။ အဲဒီလို အခက် အခဲတွေ ရှိတယ်။ နောက်ပြီး လုပ်ခလစာကို အမြန်ဆုံး သတ် မှတ်ပေးစေချင်တယ်။ အခုရတဲ့ လစာအရဆိုOT ကြေး အရမ်း နည်းတယ်။ အဲဒါကြောင့် အချိန်ပို မဆင်းချင်ကြဘူး။ ဥပဒေအတိုင်း နှစ်ဆပေးတာတောင် နည်းတာ။ တစ်နာရီကိုနှစ်ရာလောက်ပဲ ရတာ ရှိတယ်။ OT ကို လုပ်ငန်းအဆင့် အလိုက် ကျွမ်းကျင်မှုအလိုက် ခွဲ ထားပြီး ပေးတာပေါ့။ အဲဒါ တောင်မှတော်တော်နည်းပါတယ်။ အနည်းဆုံးလုပ်ခလစာ သတ်မှတ် ပေးရင်တော့ OT ကြေးလည်း များ လာမှာပဲလေ။
ဦးထွန်းဝေ (PMG အရက်ချက် စက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်းဥက္ကဋ္ဌ)
လတ်တလော ဖြေရှင်းပေး ရမယ့် ကိစ္စကတော့အနည်းဆုံး အခကြေးငွေ ကိစ္စပေါ့။ ဒါပြီးသွား ရင်အလုပ်ရှင်အလုပ်သမားသဘော တူစာချုပ်ကိစ္စက ဒုတိယလိုက် တယ်။ နောက်တစ်ခုက အလုပ် သမားဥပဒေအားနည်းချက်တွေ ပေါ့၊လိုအပ်ချက်တွေလည်းအများ ကြီးရှိတယ်။ အဲဒါကို ထိထိရောက် ရောက် ပြင်ဆင်ဖို့က တတိယအ ချက်ပေါ့။ အဲဒါတွေလုပ်ဖို့က လွှတ် တော်အဆင့်ဆင့် ဆီသွားရတော့ နည်းနည်းတော့ အချိန်ပေးရတာ ပေါ့။ အဲဒါကို ကျွန်တော်တို့က တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီနဲ့ ပူးပေါင်းပြီးတော့ ဒါ လေးတွေအမြန်ဆုံးပြင်ဆင်ဖို့တွန်း အားလေးတွေ ဖြစ်အောင် ဆောင် ရွက်တာပါ။ လုပ်ငန်းခွင်မှာ အနိမ့် ဆုံးလစာကို အမြန်ဆုံး မသတ် မှတ်နိုင်လို့ ဆန္ဒပြမှုတွေ ဖြစ်လာ တယ်။ ဒါကိုမသတ်မှတ်နိုင်တာနဲ့ နည်းတူ ကုန်ဈေးနှုန်းက လိုက်တက်လာတယ်။ အလုပ်သမား တွေရဲ့ အခြေခံကျတဲ့ လုပ်အား ခက အရမ်းနိမ့်ကျနေတယ်။ လုပ် သားဈေးကွက်ကလည်း ကျနေ တယ်။ အဲဒါကြောင့် နိုင်ငံခြားတွေ ကိုသွားပြီး အလုပ်လုပ်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ အနိမ့်ဆုံး လစာကိုအာဆီယံနှုန်းထားနဲ့အညီ မသတ်မှတ်နိုင်လို့ပဲ။ ကျွန်တော်တို့ ကတော့ အာဆီယံနှုန်းထားအထိ မဆိုလိုပါဘူး။ အလုပ်သမားတွေရဲ့ လူမှုဘဝတွေက လောက် ငရုံလေးပဲ ပေးလိုက်တယ်ဆိုရင် ဒီနှုန်းထား တစ်ခုကိုသတ်မှတ်ပေးရင်ပဲ အဆင် ပြေသွားနိုင်ပါတယ်။
မနွဲ့ယဉ်ဝင်း (တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်း ဘဏ္ဍာရေးမှူး)
လုပ်ငန်းခွင် အခက်အခဲတော့ စက်ရုံမှာ အနည်းဆုံးလစာမသတ် မှတ်ခင် လူနေမှုစရိတ်နဲ့ လောက်င တဲ့ လစာကို ညှိနှိုင်းထားတယ်။ အခြား အခက်အခဲကတော့ OT (အချိန်ပို) ပေါ့။ အလုပ်လုပ်ချိန် ရှစ်နာရီထက်ကျော်တဲ့ OTမှာ အလုပ်သမား ဘက်ရောအလုပ် ရှင် ဘက်ရော စိန်ခေါ်မှုတွေ ရှိနေ တယ်။ အလုပ်ရှင်ဘက် ကလည်း လုပ် ငန်းတွေ အများကြီး ရှိလာ တယ်။ အလုပ်သမားတွေ ဘက်က လည်း OT ကို သူတို့ ဆင်းချင် ဆင်းမယ် မဆင်းချင် မဆင်းဘူး။ အမှန်တကယ် OT က ဥပဒေ သတ်မှတ်ချက် ရှိတယ်။နှစ်ဆဆို နှစ်ဆပေါ့။အလုပ်သမားတွေဘက် ကျတော့ ဒါမျိုးမဟုတ်ဘူး။ ဥပဒေ အရတစ်နာရီငါးရာဆိုလည်း မဟုတ် ဘူး။ အလုပ်သမား တွေဘက်က လည်း သူတို့ ကျွမ်းကျင်မှုအလိုက် တောင်းဆိုတယ်။ အဲဒီလိုစိန်ခေါ် မှုတွေတော့ရှိတယ်။ တခြားအခက်အခဲကကျတော့ အလုပ်သမားအဖွဲ့ အစည်းရဲ့ အခက်အခဲရှိတယ်။ ကျွန်မတို့ စက်ရုံဆိုရင် အလုပ် သမားတွေကို ဌာန တစ်ခုကနေ တစ်ခု ပြောင်းခိုင်းတာမျိုး ရှိ တယ်။
အထွေထွေ လုပ်သားအနေနဲ့ ခေါ်တယ်။ တခြားဌာန အလုပ် များရင် သွားလုပ်ရတာပေါ့နော်။ အလုပ်ရှင်ဘက်က လုပ်ငန်းခွင် စီမံပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ အလုပ် သမားကျတော့ မလုပ်ချင်ဘူး။ အ လုပ်သမား အဖွဲ့အစည်းကို အကူအညီတောင်းတာမျိုးပေါ့နော်။အလုပ် သမားအဖွဲ့အစည်းကလည်း ဥပဒေ အရကြည့်တော့ ဒါ မှန်နေတယ် လေ။ အဲဒီကြားထဲမှာ အလုပ် သမား အဖွဲ့အစည်းက ဒါမျိုးကျ တော့ အားမကိုးရဘူးပေါ့ ဆိုတာ လေးတွေဖြစ်တယ်။ အလုပ်သမား တွေကို နားလည်အောင်
ရှင်းပြရ တာလေးတွေတော့ ရှိတယ်။
ရှင်းပြရ တာလေးတွေတော့ ရှိတယ်။
မဖြူသီအောင် (Y’S Myanmar အထည်စစ်စက်ရုံ)
ကျွန်မတို့ ကြုံနေရတာက တော့ လုပ်ငန်းခွင် ဆက်ဆံရေး အဆင်မပြေတာပဲ။ှကစနမလငျသမ (အလုပ်ကြပ်) တွေက ကျွန်မတို့ကို အချိန်ပိုမဆင်းမဖြစ် အတင်းဆင်း ခိုင်းတယ်။ အချိန်ပို မဆင်းချင်ရင် မလာနဲ့ ဆိုတာမျိုးတောင်ပြော တယ်။အလုပ်သမားတွေမှာ စိတ် ဖိစီးမှု အရမ်းများတယ်။ အချို့ဆို ဖိအားပေးလွန်းလို့ မူးမေ့လဲပြီး ဆေး ခန်း ရောက်တာ မျိုးတောင် ဖြစ်တယ်။ ဆေးခန်းမှာ ဆရာဝန် ကိုယ်တိုင်က ဒါဟာစိတ်ဖိစီးမှု များ လွန်းလို့ ဖြစ်တာပါဆိုပြီး ပြောပါ တယ်။ ကျွန်မတို့ ဒီအကြောင်း
တွေကိုလည်း ဒီနေ့ဖိုရမ်မှာ ဆွေး နွေးသွားမှာပါ။ လက်ရှိ ရင်ဆိုင် နေရတဲ့ အခက်အခဲတွေကို ဒီဖိုရမ် ကနေတစ်ဆင့်ကူညီ ပေးနိုင်လိမ့် မယ်လို့ ယုံကြည်လို့လည်း ဖိုရမ်ကို လာတက်တာပါ။
တွေကိုလည်း ဒီနေ့ဖိုရမ်မှာ ဆွေး နွေးသွားမှာပါ။ လက်ရှိ ရင်ဆိုင် နေရတဲ့ အခက်အခဲတွေကို ဒီဖိုရမ် ကနေတစ်ဆင့်ကူညီ ပေးနိုင်လိမ့် မယ်လို့ ယုံကြည်လို့လည်း ဖိုရမ်ကို လာတက်တာပါ။
မအေးမြတ်သဇင်(အီလန် မြန်မာအထည်ချုပ် စက်ရုံ)
ကျွန်မတို့ အနေနဲ့တော့ လက် ရှိ ရင်ဆိုင်နေရတာ အချက်နှစ်ချက် ပေါ့။ ပထမတစ်ချက်က ခွင့်ကိစ္စ ။ခွင့်မှာရှောင်တခင်ခွင့်ယူချင် တယ် ဆိုရင် ခိုင်မာတဲ့ သက်သေပြနိုင်မှ ယူခွင့်ပေးတယ်။ အခု သင်္ကြန် ပိတ်ရက်တွေမှာ နယ်ပြန်ကြပြီး အ ချိန်မီရောက်မလာနိုင် တဲ့သူတွေက ကျွန်မတို့ဆီခွင့်တိုင်တော့ ကျွန်မ တို့က ရှောင်တခင်ခွင့်ဆိုပီး တင် ပေးတယ်။ ဒါပေမဲ့ ရှောင်တခင်ခွင့် မပေးဘဲလုပ်သက်ခွင့်ဆိုပြီး လုပ် လိုက်တယ်။ တချို့တွေ တအားဝေး လို့ အချိန်မီရောက်မလာနိုင်တဲ့ သူ တွေဆိုရင် သုံးရက် ဆက်တိုက် ပျက်ရင်အလုပ်ဖြုတ်ပစ်လိုက် တယ်။ အလုပ်သမား အဖွဲ့အစည်း ကို ဘာမှ အကြောင်းမကြားဘူး။နောက်ဆုံး ဘာခွင့်မှ မယူတော့ ပါဘူး။ အလုပ်ပြန်ခန့်ပါ ဆိုတာ တောင်မရဘူး။ အလုပ်ရှင် အလုပ် သမား သဘောတူစာချုပ်ကို ချိုး ဖောက် ခံနေရတယ်။ နောက်တစ် ချက်ကအလုပ်ရှင် အလုပ်သမား တိုက်ရိုက် စကားပြောခွင့် မရတာ ပါ။ နိုင်ငံခြားသား အလုပ်ရှင်နဲ့ အလုပ်သမား စကားပြောဖို့ဆိုရင် သူတို့ကအလုပ်ရှင်နဲ့ စကားပြော စရာမလိုဘူးဆိုပြီး စကားပြန်နဲ့ ကျွန်မတို့ကိုပေးတွေ့တယ်။ အမှန် ကအလုပ်ရှင်အလုပ်သမား လိုအပ်ချက်တွေကို တိုက်ရိုက်ဆွေးနွေး တာ ပိုမကောင်းဘူးလား။ အဲဒါမှ ကောင်းမွန်တဲ့ လုပ်ငန်းခွင် ဖြစ်မှာ ပေါ့။ အခုတော့ အလုပ် သမား အဖွဲ့အစည်းဝင်တွေကို အလုပ်ရှင် က အသိအမှတ်မပြုသလို ဖြစ်နေ တယ်။
Source:popularmyanmar.com
Source:popularmyanmar.com

0 comments:
Post a Comment