ကျောက်မြောင်းမြို့မှာ လေပြင်းတိုက်စဉ် သစ်ကိုင်းကျိုးကျ၍ လူတစ်ဦးသေဆုံး


ရွှေဘို မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့၌ မေ ၇ ရက် ည ၈ နာရီခန့်က မိုးသက်လေပြင်း တစ်နာရီ ၄ဝ-၄၅ မိုင်နှုန်းတိုက်ခတ်ခဲ့ရာ ကျောက်မြောင်းမြို့ အမှတ်(၂)ရပ်ကွက် လပြည့်ဝန်း လက်ဖက်ရည်ဆိုင်အနီး ညောင်ပင်မှသစ်ကိုင်းကျိုးကျသဖြင့် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် သီလကျေးရွာမှကျောက်မြောင်းမြို့သို့လာရောက်အလုပ်လုပ်ကိုင်သူ အေးကို (၃၈ နှစ်)၏ ဦးခေါင်းပေါ်သို့ကျရောက်၍ ဒဏ်ရာရရှိခဲ့သဖြင့် ကျောက်မြောင်း မြို့ဆေးရုံသို့ခေါ်ဆောင်သွားစဉ် ဆေးရုံ၌ သေဆုံးသွားခဲ့သည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်မြောင်းမြို့ရှေးဟောင်း သမိုင်းဝင်ရွှေနုံးတိုးစေတီတော်ကြီး၏ ထီးတော်ဘုံအဆင့်များမြေခခဲ့ပြီး စိန်ဖူး တော်၊ ငှက်မြတ်နားတော်၊ ဟင်္သာရုပ်တို့မှာ စတီးကြိုးနှင့်အတူတွဲလောင်းကျ၍မြေခခဲ့ခြင်းမရှိကြောင်း သိရသည်။

စိုးသီဟ(iprd)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment