အမျိုးသမီး အိမ်သာတွေထဲ ခိုးဝင်ပြီး မစင်တွေစားနေတဲ့ အမျိုးသားကို ဖမ်းမိ





တရုတ်ပြည်ကနေ ထွက်ပေါ်လာတဲ့ ထူးဆန်းတဲ့ သတင်းတစ်ခုကတော့ အမျိုးသားတစ်ယောက်ဟာ အမျိုးသမီး အိမ်သာတွေထဲ ခိုးဝင်ပြီး မစင်တွေစားနေတယ်ဆိုတာပါပဲ။
Guangdong ခရိုင်မှာနေထိုင်တဲ့ ထို ပုဂ္ဂိုလ် ဟာ သူ့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အမူအကျင့်ကို အောင်မြင်စွာမွေ့လျော်ပြီး သကာလ အိမ်သာထဲ မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
Shanghaiist.com ဆိုတဲ့ ခိုင်လုံတဲ့ ပြည်တွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ သတင်းဌာနကတော့ ထို ပုဂ္ဂိုလ်ဟာ အမျိုးသမီး အိမ်သာတွေထဲ ခိုးဝင်ပြီး မစင်တွေစားနေခဲ့တာ ၈ နှစ်ခန့်ရှိနေပြီလို့သိရပါတယ်။
ထိုသတင်းကကြေညာခဲ့တာကတော့ Guangdong ခရိုင် ၊ Jiangmen မြို့တော်၊ Pengjiang မြို့နယ်မှာ ရှိတဲ့ ရှော့ပင်းစင်တာတစ်ခုမှာ ထိုအမျိုးသားဟာ အမျိုးသမီး အိမ်သာတွေထဲဝင်ပြီး မစင်တွေစားနေတာကိုတွေ့ခဲ့ရတယ် လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီ လူက ဒုတိယထပ်က အမျိုးသမီး အိမ်သာမှာ မစင်တွေစားဖို့ လာရှာပါတယ်။ သူဟာ မနက် ၈ နာရီကနေ ၁၀ နာရီ အတွင်းမှာ ရောက်လာပါတယ်။ ပြီးရင် ညနေ ၃ နာရီလောက်မှာ တစ်ခေါက်ထပ်လာပါတယ်” လို့ ထိုရှော့ပင်းစင်တာ ရဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
ထို အမျိုးသား ဟာ အမျိုးသမီး အိမ်သာတွေ တစ်ခုပြီးတစ်ခု ၀င်နေတာကို ဈေးလာဝယ်တဲ့ အမျိုးသမီးတစ်ယောက်ကတွေ့သွားပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
Jiangmen မြို့တော် က နံပါတ် ၃ ဆေးရုံမှာ ရှိတဲ့ ဆရာဝန်ရဲ့ ပြောကြားချက်အရတော့ ထို ပုဂ္ဂိုလ်ဟာ အရင်ကတည်းက စိတ်ရောဂါဖြစ်ခဲ့ဖူးတဲ့ မှတ်တမ်းတွေရှိတယ်လို့ သိရပါတယ်။
ထို အမျိုးသားကို ဘာကြောင့် အမျိုးသမီး မစင်တွေစားနေရသလဲလို့ မေးတဲ့အခါမှာတော့ သူက ဗိုက်ဆာတဲ့အတွက်စားတာဖြစ်ပြီး အဲဒီလို စားပြီးတဲ့အခါမှာ နေသာထိုင်သာ ရှိသွားတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ဒါ့အပြင် သူ အမျိုးသမီး မစင်တွေစားနေတာ ရှစ်နှစ်ခန့်ရှိနေပြီ လို့လည်း ၀န်ခံထားပါတယ်။
Ref: mirror.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment