ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကြီးအတွက် ဘယ်လိုဝေဖန်မှုမျိုးမဆို ရယ်ဒီ ပါပဲဆိုတဲ့ ဖွေးဖွေး


လက်ရှိ နေပြည်တော်မှာ ရုံတင်ပြသနေတဲ့ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေ အုံးအုံးကျက်ကျက် အားပေးနေကြသလို ဇွန်လ ၁၂ ရက်နေ့မှ စလို့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာလည်း တပြိုင်နက်ထဲ ပြသတော့မှာပါ၊ မရိုက်ခင်ကတည်းက အနမ်းနဲ့ပတ်သက်လို့ ပရိသတ်ပေါင်းများစွာရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ ထားသခင်ဆိုတဲ့ ဇာတ်ရုပ်ကို ပီပီပြင်ပြင် အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ခဲ့တဲ့ အကယ်ဒမီဖွေးဖွေးနဲ့ တွေ့ဆုံခိုက် ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်လို့ရင်ခုန်စိတ်လှုပ်ရှားမှုအချို့ကို မေးမြန်းဖြစ်တဲ့အခါ
-ပရိသတ်တွေ အရမ်းမျှော်လင့်နေသလို အရမ်းလဲ အားပေးကြတဲ့ ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကြီးကို ပြန်ကြည့်လိုက်ရတဲ့အချိန်မှာ ဖွေးဖွေးရဲ့စိတ်ခံစားချက်တွေဘယ်လိုရှိနေလဲ။
ဒီဇာတ်ကားကြီးကလဲ လက်ပံတို့၊ သက်တံသစ်တို့လို ဖွေးဖွေးအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခုပေါ့။ ဒါပေမဲ့ ဒီတစ်ခါကျတော့ အရွယ်နောက်တစ်ခုကို ပြောင်းသွားရတာမျိုးတွေ ရှိတယ်။ ကလေးကနေ လူကြီး ကိုပြောင်းသွားတဲ့ ပြောင်းလဲမှု တစ်ခုပါတယ်။ အပြင်မှာလဲ ယောကျာ်းလေးတိုင်း၊ မိန်းကလေးတိုင်းကြုံဖူးနေတဲ့ အရာမျိုးလေးတွေပါပဲ။
-ငယ်ငယ်တုန်းက ကာရိုက်တာထက်စာရင် ကြီးသွားတဲ့အချိန်မှာ သရုပ်ဆောင်ချက်အချို့က နဲနဲပျော့သွားသလို ခံစားရတယ်။ အဲ့ဒါကရော ဘာ့ကြောင့်များလဲ။
ဖွေးတွေးကြည့်တယ်လေ။ အပြင်က ဖွေးဖွေးဆိုတဲ့ ကာရိုက်တာကို မေ့ထားပြီး ထားသခင်ဆိုတဲ့ ကာရိုက်တာမှာပဲနေပြီးတော့ သရုပ်ဆောင်ခဲ့ပါတယ်။ အပြင်မှာသာ ငယ်ငယ်လေးကတည်းက ဘာမှ လိုလေးသေးမရှိပဲ ချမ်းချမ်းသာသာ ကြီးပြင်းလာတဲ့ ကောင်မလေး တစ်ယောက်က ရုတ်တရက် ဘ၀မရှိတော့တဲ့ အချိန်၊ ဘ၀ရဲ့ အနိမ့်အမြင့် အတက်အကျ သင်္ခါရ သဘောတရားတွေ ဆုံးမခြင်းခံခဲ့ရတဲ့ အရာတွေကို ရုတ်တရက်ကြီး ကြုံတွေ့လိုက်ရတော့ ပထမတော့ သူ့ရဲ့ ကာရိုက်တာအရ တောင့်ခံဦးမှာပဲ။ ဒါပေမဲ့ ဆုံးမတဲ့ လူမရှိပဲနဲ့ ဘ၀ဆိုတာ ဘာလဲဆိုပြီး လက်တွေ့မှာ သိသွားတဲ့သဘောပေါ့။ တဖြေးဖြေးနဲ့ ကံကြမ္မာက အဲ့လောက်ကြီး ဆိုးလာမယ်ဆိုရင် တော့ နဲနဲတော့ပျော့သွားမယ် ထင်တယ်။ အဲ့ဒါကြောင့် ကိုဝိုင်းနဲ့တိုင်ပင်ပြီး အိုက်တင်အတက်အကျကို ချိန်ပြီးဖွေးအကောင်းဆုံး သရုပ်ဆောင်ခဲ့ပါတယ်။
-မင်္ဂလာဦးည အခန်းရိုက်တဲ့ အချိန်မှာရော ဖွေးရဲ့စိတ်ကို ဘယ်လိုထားပြီး ကိုနေတိုးနဲ့ညှိပြီး သရုပ်ဆောင်ခဲ့ရလဲ။
စိတ်ကတော့ အပြင်ကဖွေးဖွေးဆိုတာကို မေ့ထားလိုက်တယ်။ ထားသခင်ရဲ့စိတ်ကို ထည့်ပြီး ထားသခင်ရဲ့ကာရိုက်တာနဲ့ပဲ သရုပ်ဆောင်ခဲ့တယ်။ ပြီးတော့ ကိုဝိုင်းက ဖွေးဖွေးနာမည် မရှိခင်ကတည်းက လက်ပံ ဆိုတဲ့ကားနဲ့ ဖွေးဖွေးကို ပွဲထုတ်ခဲ့တယ်။ အဲ့ဒီအတွက်ဖွေးအနုပညာ အလုပ်ကို အလုပ်တစ်ခုလိုပဲ သဘောထားပြီး ဖွေးလုပ်ခဲ့ပါတယ်။ ကျန်တာတွေ အားလုံးကို ဖွေးမေ့ထားတယ်။
-ဆေးရုံမှာ ကိုနေတိုးကားနောက် ပြေးလိုက်တဲ့အခန်းဆိုလဲ ၃ ခါလောက်ပြန်ရိုက်ခဲ့ရတယ်လို့လဲ သိရတယ်။ အဲ့ဒီပင်ပန်းမှုအပေါ်မှာ ဖွေးအနေနဲ့ဘယ်လိုမျိုးကြိုးစားခဲ့ရလဲ။
အဲ့ဒီအခန်းမှာ ကောင်မလေးတစ်ယောက်က ချက်ချင်းကြီး ဆုံးဖြတ်ရတာလေ။ အကုန်လုံးက စိတ်မှန်းတွေနဲ့ငါသာဖြစ်ရင် ငါသာဖြစ်ရင် ဆိုတာထက် ထားသခင်ရဲ့ စိတ်အမှန်ကို အခြေခံထားပြီး အကုန်လုပ်ခဲ့တာပါ။ အစကတည်းက သူကဖင်ခေါင်းကျယ်တယ်လေ။ သူ့အတွက်က အရမ်းအကြပ်ရိုက်နေတဲ့ အချိန်ဆိုတော့ စိတ်အားလုံးကိုနှစ်ပြီး အဲ့ဒီအခန်းအပေါ်ကို အပြည့်အ၀ ကြိုးစား သရုပ်ဆောင်ခဲ့တယ်။
-ဒီကားက ဖွေးဖွေးအတွက် ရင်ခုန်မှုတစ်ခု လို့ရောပြောလို့ရလား။
ဖွေးဒီကားကိုကြိုက်တယ်။ ပရိသတ်ရဲ့ အသံတွေကိုလဲ ကြားချင်တယ်။ ပရိသတ်ရဲ့ဝေဖန်မှုတွေကို ဖွေးရင်ခုန်တယ်။ ဖွေးဒီကားနဲ့ပတ်သက်ပြီး အထူးတလည်မျှော်မှန်းတာမျိုး ဘာမှမရှိပေမဲ့ အရွယ်ပြောင်းပြီး သရုပ်ဆောင်ထားသလို၊ တချို့ အခန်းတွေက ပရိသတ်အတွက် အထူးအဆန်းဖြစ်စေမဲ့ ရိုက်ချက်တွေကို ကိုဝိုင်းကလဲ ဖန်တီးထားတယ်။ အဲ့ဒီဖန်တီးမှုတွေကို ဖွေးပရိသတ်တွေဇာတ်ကားကြည့်တဲ့အခါ ဘယ်လိုခံစားရမလဲ၊ ဘယ်လိုဝေဖန်ကြမလဲ၊ ဘယ်လိုလက်ခံကြမလဲ ဆိုတာကိုတော့ ဖွေးမျှော်လင့်မိတယ်။
-ကျူးပစ်ရဲ့ ကျေးကျွန်များကရော ဖွေးအတွက် ဘယ်လိုကြိုးစားခဲ့ရတဲ့ ဇာတ်ကားမျိုးလဲ။
ဖွေး ရဲ့ဘ၀တစ်ခုလုံးကိုနှစ်ပြီး သရုပ်ဆောင်ခဲ့ရတဲ့ ကားပါ။ ထားသခင် ကာရိုက်တာဆိုရင် စိတ်အရမ်းပင်ပန်းခဲ့တယ်ဆိုပေမဲ့ ကျူးပစ်ရဲ့ကျေးကျွန်များကကျတော့ လူပင်ပန်းတာထက် စိတ်ပိုပင်ပန်းတယ်။
-အခုလက်ရှိမှာ နေပြည်တော်မှာ တင်ထားတဲ့ အခြေအနေကရောဖွေးဖွေးအတွက် စိတ်ကျေနပ်စရာ တစ်ခုဖြစ်ရဲ့လား။
နေပြည်တော်မှာတော့ သောင်းသောင်းဖျဖျကြိုဆိုကြတယ်။ အုံးအုံးကျက်ကျက်လဲ အားပေးကြတယ်။ ဖွေးကျေနပ်တယ်။ ရန်ကုန်ပရိသတ်တွေ အတွက်ကတော့ ဇွန် ၁၂ ရက်နေ့မှ သိရမယ်။ ပရိသတ် ဘာများပြောမလဲပေါ့။ fb မှာတက်လာမှာပဲလေ ဘယ်လိုမြင်တယ်။ ဘယ်လိုမြင်တယ်ဆိုတာက ညာလို့မရဘူးလေ။
-ဒီဇာတ်ကားအတွက် ဖွေးမမျှော်လင့်ထားတဲ့ ဝေဖန်မှုတွေအတွက်ရော ဖွေးစိတ်ကိုဘယ်လိုမျိုးပြင်ဆင်ထားလဲ။
ကြုံဖူးပါတယ်။ ဖွေးမင်းသမီးလုပ်နေပြီပဲ။ အကောင်းတွေရော အဆိုးတွေရော အားလုံးအတွက် ready ပါပဲ။
-၂၀၁၅ ထဲမှာ ကားကြီးအတွက်ပြင်ဆင်ထားတာက။
ဒရာမာထက် ပေါ့ပေါ့ပါးပါးကားလေးတွေ ပိုပြီးရွေးချယ်ဖြစ်ပါမယ်။ ဘာလို့လဲဆိုတော့ ဖွေးရှေ့မှာ ဒရာမာတွေကြီးပဲရိုက်ထားတာများနေလို့ပါ။
-ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး ပရိသတ်ကိုပြောချင်တာက။
ဖွေး ပရိသတ် အသံကိုစောင့်နေပါတယ်လို့ပြောပြခဲ့ပါတယ်။
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment