ခုပြောပြမယ့်ကာကွယ်ဆေးက အကျိတ်ကြီးထွားမှုကို ထိရောက်စွာ ရပ်တန့်စေတာတွေ့ရပါတယ်။
Cuba နိုင်ငံမှာ Cimavax လို့ခေါ်တဲ့ ကာကွယ်ဆေး တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်လို့ အမေရိကန်တွေက တင်သွင်းချင်နေပါတယ်။
အကျိတ်ဆက်လက် မကြီးထွားအောင် ထိရောက်စွာ ကာကွယ်ပေးနေတဲ့ ဒီကာကွယ်ဆေးဟာ ၂၅ နှစ် တည်ရှိခဲ့ပြီးဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက Cuba နိုင်ငံမှာ အခမဲ့ အသုံးပြုပါတယ်။
Institute Rosewell Park ရဲ့ အမှုဆောင်ဒါရိုက်တာ Candace Johnson က ငွေအရင်းအနှီးနည်းနည်းနဲ့ များများ လုပ်ခဲ့ရပြီး ပြသနာတွေ ချဉ်းကပ်ရာမှာ အမျိုးမျိုးပြောင်းလဲ စမ်းသစ်လုပ်ဆောင်ခဲ့ရပါတယ်။ ကာကွယ်လေ့လာ စမ်းသပ်မှု အဖွဲ့ရှိတာ အနှစ် ၄၀ ရှိခဲ့ပြီလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေက Cimavax ခံယူတဲ့ လူနာတွေဟာ ကာကွယ်ဆေး မထိုးထားသူတွေထက် ၄ လကနေ ၆လ ပိုကြာကြာ အသက်ရှင်ကြောင်း ပြသထားပါတယ်။ သို့ပေမယ့် အဓိက ရည်ရွယ်ချက်က ကင်ဆာရောဂါကို ဖြစ်ပွားမှု ရပ်တန့်စေဖို့ ဖြစ်ပါတယ်။
အမေရိကန် သုတေသီတွေက အလားအလာရှိတဲ့ Cimavax ကြောင့် သာမက Cuba ကျွမ်းကျင်ပညာရှင်တွေ တီထွင်ခဲ့တဲ့ ကင်ဆာကုသမှုတွေကြောင့်လည်း စိတ်လှုပ်ရှားနေကြပါတယ်။
Ref:healthyfoodteam
Source:trend.com.mm
0 comments:
Post a Comment