တရုတ်တိရစ္ဆာန်ရုံမှခြင်္သေ့ အစောင့်ကို ကိုက်သတ်ထွက်ပြေး


တရုတ်နိုင်ငံ ချန်တုန်းပြည်နယ်အရှေ့ပိုင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှ ခြင်္သေ့တစ်ကောင်သည် တိရစ္ဆာန်ရုံ ထိန်းသိမ်းရေး ဝန်ထမ်းတစ်ဦးကို ကိုက်သတ်ကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီးနောက် ပစ်သတ် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တရုတ်မီဒီယာများက ယနေ့ဖော်ပြသည်။

 အဆိုပါခြင်္သေ့သည် ယမန်နေ့တွင် လှောင်အိမ်သန့်ရှင်းရေးလုပ်နေသည့် အသက်(၆၅)နှစ်အရွယ် ဝန်ထမ်းတစ်ဦး၏ ပခုံးနှင့်လည်ပင်းကို ကိုက်ဖြတ်ကာ ထွက်ပြေးသွားခဲ့သည်။

 ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် တစ်နာရီကျော်ခန့်အကြာတွင် အဆိုပါခြင်္သေ့ကို ချောင်ပိတ်ပြီး ပစ်သတ်နိုင်ခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုသည်။

 တရုတ်မီဒီယာများ၏ဖော်ပြချက်အရ ခြင်္သေ့လွတ်မြောက်သွားသည်ဆိုခြင်းကိုသာ အတည်ပြုနိုင်ပြီး လှောင်အိမ်အတွင်းမှမည်ကဲ့သို့ ထွက်ခွာသွားသည်ဆိုခြင်းကို မသိရှိရပေ။ ခြင်္သေ့လွတ်မြောက်သွားသည်ကို သိရှိချိန်တွင် တိရစ္ဆာန်ရုံအတွင်းသို့လည်ပတ်သူများသည် နံနက်ပိုင်း ရေကူးလေ့ကျင့်ခန်းလုပ်ရန်အတွက် ရောက်ရှိနေကြပြီး ၄င်းတို့လုံခြုံရေးအတွက် ရေကူးကန်ကို သံဆန်ခါများဖြင့် လုံခြုံအောင်ကာပေးခဲ့ရသည်။

ပေကျင်းလူငယ်နေ့စဉ်သတင်းစာတွင် အဆိုပါခြင်္သေ့ကိုပစ်သတ်ရန်အတွက် ဒေသခံအထူးရဲတပ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်းဖော်ပြထားသည်။ ခြင်္သေ့ကိုပစ်သတ်ပြီးနောက် တိရစ္ဆာန်ရုံကို ပုံမှန်အတိုင်း ပြန်ဖွင့်ခဲ့သည်။

T1P(Ref:AFP)
The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment