ပြင်ဦးလွင် မြို့ တော်ခန်းမရှေ့ မှာ ဆိုင်ကယ်ဖြင့် လက်ကိုင်အိတ်လုယက်သူအား ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ပူးပေါင်းဖမ်းဆီး


နေပြည်တော်၊ မေ ၁၅

၂ဝ၁၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆင်လမ်းကျေးရွာနေ ဒေါ်သီတာခိုင်(၄၅)နှစ်မောင်းနှင်ပြီး ညီမဝမ်းကွဲဖြစ်သူ ရပ်ကွက်ကြီး (၅)နေ မစုပြည့်ဖြိုး(၂၅)နှစ်လိုက်ပါလာသော ဆိုင်ကယ်သည် ရပ်ကွက်ကြီး(၃)ဘက်မှ မောင်းနှင်လာစဉ် မြို့တော်ခန်းမရှေ့အရောက် နောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား တစ်ဦးက ဒေါ်သီတာခိုင်၏ ဆိုင်ကယ် ဝဲဘက်လက်ကိုင်တွင်ချိတ်ထားသည့် ငွေကျပ်(၃ဝဝဝဝိ/-)နှင့် လက်ကိုင်ဖုန်း(၁)လုံးထည့်ထားသော လက်ကိုင်အိတ်အား လုယူရာ ဆိုင်ကယ်(၂)စီးစလုံးလဲကျခဲ့သည်။

 ထိုသို့လဲကျစဉ် ဒေါ်သီတာခိုင်၏ အော်ဟစ်အကူအညီတောင်းမှုကြောင့် အနီးရှိပြည်သူများနှင့် မှုခင်း ကျဆင်းရေး ဆောင်ရွက်နေသည့် ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပူးပေါင်း ဝိုင်းဝန်းဖမ်းဆီး မေးမြန်းခဲ့ရာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)နေ ခိုင်စိုးဦး(၁၉)နှစ်ဖြစ်ကြောင်း သိရှိရ၍ ပြင်ဦးလွင်မြို့မ ရဲစခန်း(ပ)၉၂/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment