တောင်ငူတွင် ငွေစက္ကူအတု ပြုလုပ်သူများ ဖမ်းမိ



တောင်ငူတွင် ငွေစက္ကူအတု ပြုလုပ်သူများနှင့် ငွေစက္ကူတုပြုလုပ်သူများနှင့် ငွေစက္ကူတု ပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

တောင်ငူ မေ ၁၆

တောင်ငူမြို့ ကံရိုးကျေးရွာ ရန်ကုန်-မန္တလေးလမ်းဘေးရှိ လျှံလျှံ စားသောက်ဆိုင်တွင် မေ ၁၁ ရက်က ငွေစက္ကူအတု ၇၆ သိန်းကျော် ဖမ်းဆည်းရမိသည့် အမှု၏ နောက်ဆက်တွဲ ငွေစက္ကူပြုလုပ်သူများ ကို မေ ၁၅ ရက် မွန်းလွဲ ၂ နာရီက ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာမှ သိရသည်။

ဖြစ်စဉ်မှာ ငွေစက္ကူအတုပြုလုပ် သူများကိုသတင်းအရ မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး လှသိန်းစိုး ဦးစီးသည့်အဖွဲ့ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ် စိုင်းကျော်မျိုးထွန်း ဦးစီးသည့်ပူးပေါင်း အဖွဲ့တို့သည် စောအယ်မောင်ထံမှ သိမ်းဆည်းရမိသော ငွေစက္ကူအတု များမှာ တောင်ငူမြို့နယ် ကေတုမတီ မြို့သစ် တပင်ရွှေထီး ရပ်ကွက် ရန်ကုန်- မန္တလေး ပုံမှန်လမ်းဟောင်း ဘေးနေ ဒေါက်တာ သက်မိုး(၄၆ နှစ်) နှင့်ဇော်လွင်(၃၂နှစ်) အင်ဒိုင်းကျေးရွာ နေ ထွန်းဝင်းခိုင်(ခ)ကိုခိုင် (၃၅ နှစ်) တို့သည် နေအိမ်တွင် ကွန်ပျူတာနှင့် ကာလာပရင်တာတို့ကို အသုံးပြု၍ ငွေတုများပြုလုပ်ကြောင်း သွားရောက် ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၌ နေအိမ်၏ ဘုရားခန်းအတွင်းမှ ငွေစက္ကူ ပါကင်ထုပ်ရာတွင် အသုံးပြု သော စာရွက်အား Scan ဖတ်ထား သည့် A4 စာရွက် နှစ်ရွက် KW-Trio 13300 စာတန်းပါ စက္ကူဖြတ် စက်တစ်ခုFjitsu အမျိုးအစား ၁၄ လက်မလက်တော့ တစ်လုံးနှင့်ဘုရား စင် ပေါ်ရှိ Nestle တံဆိပ်ပါ အမြင့် ငါးလက်မခန့်ရှိ သံဘူးဝိုင်းအတွင်း ထည့်ထားသော ဂဋ (CK) 3046044 နံပါတ်စဉ် အက္ခရာဂဏန်းပါအဖြူ အမည်းငွေတုငါးရွက်၊ ဂည (CJ) 7256621 နံပါတ်စဉ်အက္ခရာဂဏန်း ပါအဖြူအမည်းငွေတု သုံးရွက်၊ အသုံး ပြုဆဲ A4 နိုင်ငံခြားစက္ကူထုပ်တစ်ထ
ုပ်၊ EPSONL-210 ပရင်တာ၏ စက္ကူပုံး ခွံတစ်ခုတို့ကိုလည်းကောင်း နေအိမ် နောက်ကျောဘက်ရှိ ခြံဝင်းအလွတ် အတွင်း မြေကြီးပေါ်တွင် တစ်ဝက် တစ်ပျက် မီးလောင်ကျွမ်းထားသော ၅ဝဝဝ တန် ငွေတုအပိုင်းအစ ၃ဝ ခု ရေစို၍ အရောင်လွင့်နေသော ၅ဝဝဝ တန်ငွေတု ၁၄ ရွက် လုံးခြေထားသော ၅ဝဝဝ တန် ငွေစက္ကူတစ်လုံးအား လည်းကောင်း၊ မီးရှို့ထားသော ၁ဝဝဝ တန်ငွေတု အပိုင်းနှစ်ရွက်တို့ ကို သက်သေများရှေ့တွင် သိမ်းဆည်း ရမိခဲ့သည်။

ယင်းနောက်ဆက်လက် ရှာဖွေ ရာ နေအိမ်၏ ဧည့်ခန်းနံရံကပ်ဗီရို၏အောက်ဆုံးထပ်တွင် ပြောင်းရှည် ရှစ်လက်မခန့်၊ ဒင်သုံးလက်မခန့် ရှိ ယမ်းထောင်းထည့်ရသော လုပ်သေနတ်အတို တစ်လက်ကို ဆက်လက်ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက် ရှိပြီး အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment