ဦးပိန် တံတားဘေး စားသောက်ဆိုင် ဖွင့်ခွင့်ပြုသော မြို့နယ် အုပ်ချုပ်ရေးမှူးအား တရားစွဲမည်


 ဦးပိန် တံတားဘေး၌ စားသောက်ဆိုင်များ ရောင်းချခွင့် ပြုထားသော အမရပူရ မြို့နယ် အုပ်ချုပ်ရေးမှူး အား တရားစွဲဆို သွားမည် ဖြစ်ကြောင်း တောင်သမန် အင်းသူကြီး ဦးချစ်ခိုင်က ပြောသည်။

 လက်ရှိ အချိန်တွင် ဦးပိန်တံတား ကာကွယ်ရေးဇုန် အဖြစ် ပေ (၁၂၀) အတွင်း မည်သည့် အဆောက် အအုံမျှ ဆောက်လုပ်ခွင့်ပြု မထားကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန ထံမှ သိရသည်။

 ဦးပိန် တံတားဘေးမှာ ရှိတဲ့ ဈေးဆိုင်တွေကို ဖွင့်ပြီး ရောင်းချခွင့်ပြု ထားတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးကို တရားစွဲမယ်။ အင်းအတွင်း ဒီလိုတွေ မလုပ်ဖို့ရာ အတွက် သတင်းစာ ကနေ ကြေညာ ထားပြီး ဖြစ်တယ်။ အချက် အလက်တွေ ပြန်စုဆောင်း နေတယ်။ ကျွန်တော့် ရှေ့နေနဲ့ လည်း တိုင်ပင်နေတယ် ဟု တောင်သမန်အင်း သူကြီး ဦးချစ်ခိုင်က ပြောသည်။

 မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ချုပ်ဆို ထားသည့် အကျိုးတူ ဆောင်ရွက်ခြင်း သဘောတူ စာချုပ်အရ တောင်သမန်အင်း၊ တောင်မြင့်အင်း၊ အမြှောက် ဗုံးအိုးအင်း၊ ထိန်ပင်ကန်အင်း၊ ပလိပ်အင်းတို့နှင့် ပတ်သက်သည့် လေထုရေထုနှင့် မြေထုများ ညစ်ညမ်းခြင်းနှင့် အခြားသော ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက် ပျက်စီး ဆုံးရှုံးမှုများအား ကာကွယ်ရေး ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် အခြားသော ပတ်ဝန်းကျင် အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ လိုအပ်သော အကာအကွယ်များကို ဆောင်ရွက်ရန် အင်းသူကြီးတွင် လုပ်ပိုင်ခွင့် အပြည့်အ၀ ရရှိ ထားသည်။

 ကျွန်တော်တို့ ဆိုင်တွေရဲ့ မြေနေရာက အပိုင်တွေ များတယ်။ ဒါတွေက အရင်က လယ်တွေလေ။ လယ်တွေပေါ်မှာ ပိုင်ရှင်တွေက စားသောက်ဆိုင်တွေ ဖွင့်ပြီး လုပ်ကိုင်စား သောက်နေတာ ဖြစ်တယ် ဟု ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

N.L.T
The Messenger Media
http://messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment