သူ့ရဲ့  ထွက်ပေါက်က ဘာဆိုတာ ပြောပြလာတဲ့ ရာဇာနေ၀င်း


သရုပ်ဆောင်ဖက်ကို ပြန်လည် လှုပ်ရှားစပြုနေတဲ့ ရာဇာနေ၀င်းက ဂီတဖက်မှာလဲ ထွက်ပေါက်ဆိုတဲ့ Title နဲ့ အခွေတစ်ခွေ ဖန်တီးပုံဖော်နေသလို ဒါရိုက်တာ ပညာကလဲ သူစိတ်ပါဝင်စားတဲ့ အနုပညာဖန်တီးမှု တစ်ခုဖြစ်နေတာမို့သရုပ်ဆောင်၊ အဆိုတော် ၊ ဒါရိုက်တာဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ရာဇာနေ၀င်းဆိုတဲ့ မင်းသား တစ်ယောက်ကို အသစ်တစ်ယောက်အနေနဲ့ ပြန်လည်တွေ့မြင်ရတော့မှာပါ၊
သူနဲ့တွေ့ဆုံခိုက် သူလေ့လာကြိုးစား အားထုတ်နေတဲ့ အနုပညာ အစိတ်အပိုင်းအချို့ကို မေးမြန်းဖြစ်တဲ့အခါ "အခု သီချင်းခွေ တစ်ခွေလုပ်နေတယ်။ ပြီးနေပြီ။ တစ်ပုဒ်လောက်ပဲ ကျန်တော့တယ်။ နောက်လလောက် ထွက်ဖြစ်ဖို့ကြိုးစားနေတယ်။ သီချင်းအားလုံး ၁၂ ပုဒ်ပါတယ်။ သီချင်း အမျိုးအစားကတော့ အစုံပဲ။ Own Tune 3 ပုဒ်ပါမယ်။ ကိုယ်က အလိုက် တီးလုံးပေါ့။ ကိုယ့်ညီတစ်ယောက်က စာသားပိုင်းကို ပုံဖော်ပေးထားတယ်။ ခေါင်းစဉ်ကို ထွက်ပေါက်လို့ပေးထားတယ်။  အဲ့ဒီနာမည်လေးကိုကြိုက်လို့ပါ။"လို့ သူက ဖွင့်ဟသွားပါတယ်၊
ဇာတ်ကားတွေမှာ ပြန်လည်သရုပ်ဆောင်ဖြစ်တဲ့ အကြောင်းကိုလည်း သူက "ခု ပဲခူးဆားဆိုတဲ့ ကားကြီးရိုက်နေပါတယ်။ ဒီလောကထဲ ကိုယ်ခဏ ပြန်ဝင်ကြည့်တဲ့အချိန်မှာ ပရိသတ်တွေကလဲ ကိုယ့်ကို လက်ခံနေသေးတယ်။ ဒါရိုက်တာတွေ၊ ပရိုဂျူဆာတွေကလဲ ကိုယ့်ပုံစံနဲ့သူတို့ဖန်တီးမဲ့ ကာရိုက်တာ အချို့က ကိုယ်နဲ့အံဝင်ခွင်ကျ ရှိနေသေးတာရယ်ကြောင့် အဆက်မပြတ် ပြန်ရိုက်ဖြစ်နေတာပါ။ ဒီကားပြီးရင် ညိုမင်းလွင်နဲ့ ဗီဒီယိုကား တစ်ကားရိုက်ဖြစ်မယ်။ ပြီးရင် ကားကြီးတစ်ကား ရိုက်ဖို့ရှိပါတယ်။ ဒါရိုက်တာပိုင်းနဲ့ပတ်သက်ပြီးတော့လဲ လောလောဆယ် စိတ်ဝင်စားနေတယ်။ ၀ါသနာပါနေတယ်။ လေ့လာနေတုန်းပါပဲ။ ဘာမှ အစီအစဉ်တော့ မရှိသေးပါဘူး။ သရုပ်ဆောင်လဲ လုပ်မယ်။ ဂီတပိုင်းကိုလဲ အခွေထွက်ဖို့ရှိတယ်။ ဒါရိုက်တာပိုင်းကိုလဲ လေ့လောနေတယ်။ အချစ်ရေးကတော့ အခြေအနေ အရပါပဲ။ တစ်ယောက်တည်းတော့ မနေပါဘူး။ ရှာလဲရှာနေပါတယ်။ အချိန်တန်ရင်တော့ တွေ့လာမှာပါ"တဲ့၊
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment