StopSleep ဆိုတာ ယာဉ်မောင်းတွေကို အာရုံစူးစိုက်မှု ပျောက်သွားတဲ့အခါ နိုးကြားနေစေအောင် ချက်ချင်းတုန်ခါ သတိပေးနိုင်ဖို့ ဒီဇိုင်းဆွဲပြုလုပ်ထားတဲ့ စမတ်လက်စွပ် တစ်ခုဖြစ်ပါတယ်။
အရက်သေစာ သို့မဟုတ် အရှိန်လွန်မောင်းနင်ခြင်းထက် ယာဉ်မောင်းများ ပင်ပန်းနွမ်းနယ်နေမှုကြောင့် မတော်တဆမှု ပိုဖြစ်ပွားခဲ့ပေမယ့် ဒီပြသနာတွေအတွက် အရင်က ဆွေးနွေးတာမျိုး သိပ်မရှိခဲ့ဘူး။ နောက်ပြီး ဈေးကွက်ထဲ ဒီရေးကြီးတဲ့ ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ပြုလုပ်ထားတဲ့ ကုန်ပစ္စည်းတွေ အရမ်းနည်းတယ်လို့ StopSleep ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အင်္ဂလန်မှာ လမ်းမပေါ် ယာဉ်မတော်တဆဖြစ်မှုကြောင့် သေဆုံးသူ ၁၇၁၃ ယောက်နဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသူ ၂၂၀၀၀ ယောက် ရှိခဲ့ပါတယ်။ ယာဉ်မောင်းတွေကို သူတို့အာရုံစူးစိုက်မှု မရှိတော့တဲ့အချိန် သတိပေးနိုးကြားစေခဲ့မယ်ဆိုရင် အဲဒီအနက်၂၀%နဲ့ ၃၀% ကြားဟာ ဒီလိုအန္တရာယ်မှ လွဲချော်နိုင်ဖွယ် ရှိခဲ့ပါတယ်။
လက်ချောင်းနှစ်ချောင်းပေါ် အံဝင်ပြီး သံလက်သီး တစ်ခုနဲ့ ပိုမိုဆင်တူတဲ့ ဒီလက်စွပ်မှာ အရေပြားပေါ် လျှပ်စစ်ဓာတ်လှုပ်ရှားမှု ချင့်ချိန်တိုင်းတာပေးသော ဆင်ဆာ ၈ ခုပါရှိပါတယ်။ အဲဒါလေးက စိတ်အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲပါတယ်။ ဒါ့ကြောင့် တစ်မှေးလောက် အိပ်ချင်သွားတာမျိုး။ အိပ်ငိုက်တော့မယ်ဆိုရင် အဲ့ဒီလိုမဖြစ်အောင် နိုးပေးဖို့ ဒီလက်စွပ်က တုန်ခါ အသိပေးပါလိမ့်မယ်။
အဲဒီလိုမဟုတ်ပဲ ဆက်အိပ်သွားချင်ရင် တတီတီမြည်သံနဲ့ တခြားတုန်ခါမှု တစ်မျိုးကြားရပါမယ်။
ဒါဟာကို လော်ရီကား၊ အဝေးပြေး ဘတ်စ်ကားများနဲ့ တက္ကဆီကားမောင်းသမားတွေအတွက် ရည်ရွယ်ပြုလုပ် ထားတာဆိုပေမယ့် ခရီးရှည် ပုံမှန်သွားနေသူတွေလည်း ဘယ်သူမဆို အသုံးပြုလို့ရပါတယ်။
Ref: mirror.co.uk
Source:trend.com.mm
0 comments:
Post a Comment