ဂီတဘဝအစက သူငယ်ချင်းတွေနဲ့ ပေါင်းပြီး စီးရီးထုတ်မယ့် မိစန္ဒီ


တေးသံရှင်မိစန္ဒီက မေလတစ်လလုံးမှာ အမေရိကဖျော်ဖြေရေးခရီးစဉ်သွားရောက်နေတာဖြစ်ပြီး အမေရိကခရီးစဉ် ပြန်လာချိန်မှာတော့ Underground အတွဲစီးရီးတစ်ခု စီစဉ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအတွဲစီးရီကတော့ မိစန္ဒီတို့ ဂီတလောကထဲဝင်စက စုစည်းခဲ့တဲ့ B Lord family အနေနဲ့ထွက်ရှိမှာဖြစ်တယ်လို့လည်းသိရပါတယ်။” B Lord အနေနဲ့ စီးရီးလုပ်ဖို့ ဟိုးအ ရင်ကတည်းက စိတ်ကူးရှိတယ်။ ဒါပေမဲ့ တစ်ယောက်စီ လုပ်နေကြတာနဲ့ မလုပ်ဖြစ်တာ။ အဲဒါနဲ့အခု ကိုစိုးကြီးက B Lord ကို အစကတည်းကလည်းလုပ်လာတဲ့သူဆိုတော့ အဲဒီလို အတွဲခွေလုပ်ကြမယ်ဆိုပြီး လုပ်ဖြစ်ကြတာ။ အားလုံး ၄ ယောက်။ တစ်ယောက်ကို ၃ ပုဒ်စီပါမယ်။အတွဲသီချင်း၊အဖွဲ့လိုက်သီချင်းက ၂ ပုဒ်လောက်ပါမယ်။ အဲ့ဒါက ခုလုပ်နေပြီ။ ဇူလိုင်လောက်မှာ ထွက်ဖို့များတယ်” လို့ မိစန္ဒီ က ပြောပါတယ်။ ဒီ B Lord စီးရီးမှာတော့ စိုးကြီး၊ X Box , J.R Soe နဲ့ မိစန္ဒီတို့ပါ ဝင်မှာဖြစ်တယ်လို့သိရပြီး မိစန္ဒီကို အရင် Underground မှာ ဆိုခဲ့တဲ့ ပုံစံအတိုင်းမြင်တွေ့ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ” ဒီအခွေမှာတော့ Mainstream မှာတွေ့နေကျမဟုတ်တဲ့ ပုံစံမျိုးတွေ့ရမယ်။ အချစ်သီချင်းထက် လူငယ်ဘဝအကြောင်းအရာတွေ ပိုပြီးပါမယ်။လျှောက်လှမ်းနေတဲ့ လောကအကြောင်းတွေ၊ဒီဘက်ခေတ်လူငယ်ပုံစံတွေ၊ အကြောင်းအရာဆန်းဆန်း လေးတွေပါမှာပါလို့ မိစန္ဒီက ပြောပြပြီး အမေရိကမှာလည်း သီချင်းတွေရေးခဲ့ဦးမှာ ဖြစ်တယ်လို့သိရပါတယ်။ မိစန္ဒီကအတွဲစီးရီးနဲ့ ပစ်တိုင်းထောင် MTV ကို တစ်ပြိုင်တည်း ပြုလုပ်နေပြီးနှစ်ခုလုံးကိုအမြန်ဆုံးထွက်နိုင်ဖို့စီစဉ်နေတယ် လို့လည်းသိရပါတယ်။
သတင်း၊ဓာတ်ပုံ-ရဲရဲ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment