” ကြိုးနှင့်ချည်ထားတဲ့ ဗာရာဏသီ ” ဟာသရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေက မြန်မာ့ရုပ်ရှင်ဟာ တစ်ခေတ်ပြန်ဖြစ်လာနေပြီလို့ မှတ်ချက်ပြုပြောပြလာပါတယ်။
” ရုပ်ရှင်နဲ့ ဗီဒီယိုဟာ လုံးဝမတူတဲ့အနေအထားပါ။ ရုပ်ရှင်တစ်ခေတ်ပြန်ရောက်လာနေတာနဲ့အညီ ဇာတ်ကားတွေကောင်းအောင် အဘက်ဘက်ကနေပြီးတော့ ဝိုင်းဝန်းလုပ်ဆောင်သွားကြရမှာပါ။ ဝိုင်းဝန်းလုပ်ဆောင်မှသာ ရုပ်ရှင်ဇာတ်ကားတွေအဘက်ဘက်ကနေ တိုးတက်လာမှာပါ။ ဗီဒီယိုဇာတ်ကားတွေ ဘယ်လောက်ပဲပေါပေါများများထွက်နေထွက်နေ ရုပ်ရှင်လောကမှာ ရုပ်ရှင်ဇာတ်ကားကောင်း တွေ ထုတ်လုပ်လာနိုင်မှသာ အနုပညာလောက တိုးတက်တယ်လို့ ဆိုရမှာပါ။အဲဒီတော့ရုပ်ရှင်ဇာတ်ကားကြီးတွေအောင်အောင် မြင်မြင်နဲ့ထွက်လာဖို့အတွက်ဆိုတာလောကသားတွေ အကုန်လုံး တက်ညီလက်ညီနဲ့ ကြိုးစားသွားဖို့လိုပါတယ်” လို့ ခိုင်နှင်းဝေက မှတ်ချက်ပြုပြောပါတယ်။ လက်ရှိမှာတော့ ခိုင်နှင်းဝေက ကြိုးနှင့်ချည်ထားသောဗာရာဏသီ ဟာသ ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးပြီးရင်တော့လာမယ့် အောက်တိုဘာလထဲမှာလည်း ဒရာမာရုပ်ရှင်ဇာတ်ကား တစ်ကားရိုက်ဖို့အတွက်လည်း စီစဉ်နေတယ်လို့ဆိုပါတယ်။ ခိုင်နှင်းဝေကတော့ အခုရိုက်နေတဲ့ “ကြိုးနှင့်ချည်ထား သောဗာရာဏသီ” ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး..
” ရုပ်ရှင်အနေနဲ့ဆိုရင် ဒီဇာတ်ကားက အစ်မအတွက် ၁၅ ကား မြောက်ဖြစ်မယ်။ ပြီးတော့ တစ်ခါမှ မတွဲဖူးတဲ့သူနဲ့တွဲရမယ်။ ဇာတ်ကောင်စရိုက်ကလည်း တစ်ခါမှမလုပ်ရသေး တဲ့ဇာတ်ရုပ်ပါ။ အစ်မကဒီဇာတ် ကားထဲမှာကိုဗေလု ဝရဲ့မိန်းမ နေ ရာက သရုပ်ဆောင်ရ မှာ ပေါ့။ ကိုဗေလုဝက ဒီဇာတ် ကားရဲ့ အဓိကဇာတ်ကောင်ပါ။ အစ်မရဲ့ကာရိုက်တာက စရိုက်ကြမ်းကြမ်းနဲ့နည်းနည်းစွာတဲ့ဇာတ်ကောင် ပုံစံမျိုးသရုပ်ဆောင်ရမှာပါ။ ဟာသချည်းပဲတော့မ ဟုတ်ဘူး။ အသိ ပညာပေးသဘောမျိုးလည်းပါတယ်။ တစ်မူထူး ခြားတဲ့ဇာတ်ကားလေးပါ” လို့ ခိုင်နှင်းဝေက ပြောပြပါတယ်။ အဲဒီဇာတ်ကားကိုတော့ စိမ်းဝါနီ ရုပ်ရှင်ထုတ်လုပ်ရေးကထုတ်လုပ်မှာ ဖြစ်ပြီး ဒါရိုက်တာသားကြီး၊ ဗေလုဝ၊နေဒွေး၊ ထပ်ဆင့် အကယ်ဒမီမြင့်မြင့်ခိုင်၊ အကယ် ဒမီခိုင်သင်းကြည်၊ ခိုင်နှင်းဝေ၊ အကယ်ဒမီဝါဝါအောင်၊ စံရတီမိုးမြင့်၊ထားထက်ထက်၊ ခင်လှိုင်၊ဒိန်းဒေါင်စတဲ့အနုပညာရှင်များစွာနဲ့ရိုက်ကူးလျက်ရှိနေပါတယ်။
ထက်လူ
Source:popularmyanmar.com

0 comments:
Post a Comment