လူလတ်ပိုင်းသာရှိသေးတဲ့ ဖခင်တစ်ဦးက သူ့ဘယ်ဘက် မျက်နှာမှာ လမ်းလျှောက်တတ်ခါစ သားရဲ့ပုံတူကို တက်တူးထိုးကာ သားဖြစ်သူအား ဂုဏ်ပြုခဲ့ပါတယ်။
Texas ပြည်နယ် Hoston မြို့က အသက် ၂၀ အရွယ် တစ်ဦးဖြစ်တဲ့ Christien Sechrist ဟာ သူ့သားလေး Perseus ရဲ့ black & white ပုံကို သူ့ဦးခေါင်း ဘယ်ဘက်ခြမ်းမှာ ပုံဖော်ရေးဆွဲစေခဲ့ပါတယ်။
အဲဒီပုံကို သူအွန်လိုင်းပေါ် တင်လိုက်တဲ့အချိန်မှာ သူ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့ အများတကာကိုတောင် အံ့အားသင့်မှုဖြစ်စေခဲ့ပါတယ်။
သူ့မျှော်လင့်ချက်တွေနဲ့ ဆန့်ကျင်လျက် သူ့မိတ်ဆွေ သူငယ်ချင်းအများစုက ဒါ…မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်အဖြစ် မှတ်ယူခဲ့ကြပါတယ်။ တချို့လူတွေက “ခင်ဗျား သောက်ခွက်ပေါ်မှာမှ ဘာကြောင့်လုပ်ရသလဲ” “ခင်ဗျား မျက်နှာက တက်တူးကြီးနဲ့ ခင်ဗျားသားကို ထောက်ပံ့ဖို့ သောက်အလုပ်အကိုင်ကောင်းတွေ ဘယ်လိုရတော့မှာလဲ” စသဖြင့် comment ရေးကြပါတယ်။
သို့ပေမယ့် သူ့ဆုံးဖြတ်ချက်ကို Christien မြဲမြဲရပ်တည်ပြီး Buzzfeed လူမှုသတင်းမီဒီယာဆီ သွားရောက်ကာ ဒီကိစ္စနဲ့ ပတ်သက်လို့ နောင်တရတာတွေ မရှိကြောင်း ပြောဆိုခဲ့ပါသေးတယ်။
Ref: CCTV Africa
Source:trend.com.mm
0 comments:
Post a Comment