ဆေးလိပ်တစ်လိပ် တောင်းတာကို မပေးခဲ့တဲ့အတွက် ကားကို မီးနဲ့ ရှို့ခဲ့တဲ့ အမျိုးသမီး


အမျိုးသမီးတစ်ဦးက အမျိုးသား တစ်ဦးကို စီးကရက်တစ်လိပ် တိုက်ပါရန် တောင်းဆိုခဲ့ရာ အမျိုးသားက မတိုက်နိုင်ကြောင်း ငြင်းဆိုခဲ့တဲ့အတွက် အမျိုးသမီးက ထိုအမျိုးသားရဲ့ ကားကို မီးနဲ့ ရှို့ခဲ့တဲ့ အမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
လုံခြုံရေး ကင်မရာတစ်ခုကနေ သိရှိခဲ့ရတဲ့ ထိုသတင်းဟာ အသက် ၃၀ အရွယ်ရှိတဲ့ အမျိုသမီး တစ်ဦးဟာ ဓါတ်ဆီဆိုင်မှာ ရှိနေတဲ့ အမျိုးသားရဲ့ ဓါတ်ဆီပိုက်နားကို ရောက်လာပြီး ပြန်ကွယ်ပျောက်သွားပါတယ်။ ခဏအကြာမှာတော့ မီးခြစ်တစ်လုံးနဲ့ အတူ ပြန်ရောက်လာပြီး ထို အမျိုးသားရဲ့ ကားထဲကို ထည့်နေတဲ့ ဓါတ်ဆီပိုက်ကို မီးရှို့ပြီး ကားတစ်စီးလုံးကို လောင်ကျွမ်းစေခဲ့ပါတယ်။
ကားပေါ်မှာတော့ ထို အမျိုးသားရဲ့ ညီတစ်ယောက် ပါဝင်နေပြီး ထိုအမျိုးသားရော သူ့ညီပါ မီးတောက်တွေရဲ့ အဝေးကို တိမ်းရှောင်နိုင်ခဲ့ပေမယ့် ကားကတော့ လောင်ကျွမ်း ပြာကျခဲ့ရပါတယ်။ ဓါတ်ဆီဆိုင်လုပ်သားတွေ ကလည်း အလျင်အမြန် ထိုမီးကို ငြိမ်းသတ်ခဲ့ကြရပါတယ်။
ထိုကဲ့သို့ မီးရှို့ရတဲ့ အကြောင်းအရင်းကတော့ ဆေးလိပ်တစ်လိပ် တောင်းတာကို မပေးခဲ့တဲ့အတွက် ဖြစ်ကြောင်း ကားပိုင်ရှင် အမျိုးသားက ပြောကြားခဲ့ပြီး ထိုမီးရှို့သူ အမျိုးသမီးကို ဖမ်းဆီးပြီးတဲ့အခါမှာတော့ အမျိုးသမီးက မီးရှို့တာ သူမမဟုတ်ကြောင်း ငြင်းဆိုနေပါသေးတယ်။ မှတ်တမ်းတွေအရတော့ ထိုအမျိုးသမီးဟာ စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ ခံယူနေရသူ ဖြစ်တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။
Ref:elitedaily
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment