အတွေ့အကြုံအရကြီးကြီးမားမားကြီး အယုံ လွယ်မိတာမျိုးတော့မခံစားခဲ့ရဖူးပေမယ့် အနည်းငယ် ယုံလွယ်မိတဲ့အပေါ်မှာတော့ သင်ခန်းစာလေးတွေ ယူမိတယ် လို့ ရွှေ သ မီးက ဆိုပါတယ်။
” သူငယ်ချင်းအရင်းကြီးတွေနဲ့ပေါင်းတုန်းကတော့ အယုံလွယ်မိတာတွေမရှိခဲ့ဘူး။ ဒီအနုပညာအလုပ်လုပ်တဲ့အချိန်မှာတော့ နည်းနည်းပါးပါးကြုံ ခဲ့ရတယ်။ ဒါပေမဲ့ တ အားကြီး ကြီးကြီးမားမားတော့ မရှိခဲ့ပါဘူး။ လူတစ်ယောက်အကြောင်းကို သေသေချာချာမသိဘဲနဲ့ ကိုယ်တွေက ခင်ရင်တကယ်စိတ်ရင်းနဲ့ ခင်မိတယ်။ ဒါပေမဲ့ ကိုယ့် အပေါ်မှာ ယုံလွယ်အောင် လုပ်ခဲ့တယ်ဆိုရင်တော့ ဒါသင်ခန်းစာတစ်ခုပါလားဆိုပြီးတော့ မှတ်ယူတယ်။ ညီမက အပေါင်းအသင်း တအားမက်တယ်။ အမှတ်မရှိတဲ့သူ လို ပဲနေတယ်။ ကိုယ့်အပေါ် လိမ်လာခဲ့ရင်လည်း အနည်းအကျဉ်း ဆိုရင် ခွင့်လွှတ်ပေးလိုက်တယ်။ညီမအခု အနုပညာ လုပ်ငန်းတွေလုပ်နေတဲ့ အချိန်မှာ ခွဲခြားပြီး ဆက် ဆံလို့မရဘူး။ အားလုံးကလည်း အနုပညာ အလုပ်လုပ်နေကြတယ်။ အပြင်စီးပွားရေးလုပ်နေတဲ့သူတွေ လည်းပါတယ်ဆိုတော့ အားလုံးကို ညီညီမျှမျှပဲ ဆက် ဆံဖြစ်ပါ တယ်။ ဘဝမှာ ကြီးကြီးမားမားတော့ အယုံလွယ်မိတာမျိုး မရှိဘူး။ ရှိခဲ့တဲ့အရာ တွေကလည်း ခွင့်လွှတ်လို့ရတဲ့ ကိစ္စ တွေဖြစ်တယ်။ ပေါင်းသင်း ဆက် ဆံတဲ့ နေ ရာ မှာ ရေရှည်ပေါင်းသင်း ဆက်ဆံလို့ရမယ့်သူ ရှိသလို လုပ်ငန်းကြောင့် ခဏတဖြုတ်ပေါင်းသင်းရတဲ့ သူတွေလည်း ရှိတယ်။ ကိုယ်ရေရှည်ဆက်ဆံရမယ့် သူဆိုရင် တော့ အားလုံးကို ပြောပြလို့ရနိုင်မယ့်သူလား၊ သူ့ရဲ့အကြောင်း စိတ်ရင်းကို ကိုယ်လည်း တကယ်သိမှ ရေရှည်ဆက်ဆံသင့်တယ်လို့ တွေးမိတယ်။ လူတစ်ယောက်ကို စ ကား ပြောကြည့်ရုံနဲ့တင် ဒီလူရဲ့ စိတ်ထားကို အကြမ်းဖျင်းတော့ သိနိုင်တယ်။ ခန့်မှန်းလို့ရတယ်။ အခြေအနေ ကောင်းတယ်ဆို ရင်ယုံကြည် ပေးလို့ရတယ်” လို့ ပြော ပါ တယ်။
ရွှေသမီးက သူ့အနေနဲ့ တကယ့်အရေးကြီး ကိစ္စတွေ ဆုံးဖြတ်တော့ မယ်ဆိုရင်တော့ လူတစ်ယောက်ကို သေချာလေ့လာပြီး မိဘတွေနဲ့ တိုင်ပင်ဆုံးဖြတ်မိ တယ် လို့ ရွှေ သမီးက ဆိုပါတယ်။
” ညီမက အနုပညာအလုပ်နဲ့ပတ်သက် ပြီးတော့ ဇာတ်ကြောင့်ပဲဖြစ်ဖြစ် အယုံလွယ်ပြီး လက်ခံမိတာမျိုးတော့ မကြုံ ဖူးသေးဘူး။ အနုပညာပျိုးခင်းက အစ်ကိုတွေကလည်း ညီမတို့အတွက် ဇာတ်ကောင်းလေးတွေပဲ ရွေးပေးတယ်။ ပြီးတော့ တကယ်ယုံကြည်ရတဲ့သူတွေလည်းဖြစ်တယ်ဆိုတော့ စိုးရိမ်စရာမရှိဘူး။ လူငယ်အချင်းချင်းဆိုတော့ ခဏလေးနဲ့ ရင်းနှီးသွားမယ်။ ဒါပေမဲ့ အသက်အရွယ်တူ ဖြစ်တဲ့အတွက် နည်းနည်း သိပ်တော့ အဆင်မပြေ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွယ်တူဖြစ်တာကြောင့် ခဏလေးနဲ့ ယုံကြည်လို့မရဘူး။ ကိုယ့်ထက် အသက်ကြီးတဲ့သူတွေနဲ့ တွေ့ကြုံတဲ့အခါကျတော့ အဆင်ပြေနိုင်တယ်။ သူတို့က ကိုယ့်ထက်လည်း အသက်ကြီးတော့ အတွေ့ အကြုံပို ရှိတယ်။ သူတို့ ကိုယ်တိုင်ကလည်း ကိုယ့်ကိုလာပြီး ဆက်ဆံမယ်ဆို ရင်ကိုယ်က ဘယ်လိုလူလဲဆိုတာကို သူတို့လည်း သိနိုင်တယ်။ လူငယ်အချင်း ချင်းတော့ အဲဒီလို မသိနိုင်ဘူး။ ညီမကတော့ တအားကြီးမားတဲ့ ကိစ္စတွေကို ဆုံးဖြတ်ဖို့ လူကြည့် ပြီးခန့် မှန်းရခက်မယ်ဆိုရင် မိဘ တွေနဲ့တိုင်ပင်တယ်။ ပြီးမှဆုံးဖြတ်တယ်။ မိတ်ေ ဆွ ကောင်း လား၊ ပေါင်းသင့် တဲ့လူလား၊ မပေါင်းသင့်တဲ့ လူလားဆိုတာကို လူကြီးတွေက ပိုကြည့်တတ်တဲ့အတွက် တိုင်ပင်ဖြစ်တယ်” လို့ ပြော ပါတယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ-အောင်ဇော်မင်း
ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com

0 comments:
Post a Comment