ဖိုးချစ်က ဇူလိုင်လထဲ မှာ သဘင်ဖျော် ဖြေပွဲကြီး လုပ်ဖို့ စီစဉ်ထားကြောင်း သိရပါ တယ်။ ဖျော်ဖြေပွဲ ကိုတော့ ရန်ကုန်မြို့မျှော် စင်ကျွန်း နဲ့ပြည်သူ့ရင်ပြင် တစ်ခုခုမှာ ပြုလုပ်ဖို့ စီစဉ် ထားတယ်လို့ ဖိုးချစ်က ပြောပါတယ်။ ဒီဖျော်ဖြေပွဲမှာ မြို့တော် မောင်ယဉ်အောင် ရေးသားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြဇာတ် ကိုလည်း ကပြတင်ဆက်သွား မှာ ဖြစ်ကြောင်း ပြောလာတဲ့ ဖိုးချစ်က “ဗိုလ်ချုပ်ပြဇာတ် က ရေးပြီးပါပြီ။ ကပြတဲ့အခါ မှာတော့ ဗိုလ်ချုပ် ပြဇာတ်ကို ရုပ်သံကနေ live မပြစေချင်သေး ဘူး။ တစ်နိုင်ငံလုံးကို လှည့်ပြီး ကပြချင်သေး တယ်။ ဒီပွဲမှာတော့ ဗိုလ်ချုပ်ပြဇာတ် အပြင်တခြား ပြဇာတ်တွေလည်း ပါပါဦးမယ်။ နောက်ပိုင်းဆန်ဆန် ရာဇဝင် ပြဇာတ်ကြီး တွေပါမယ်။ မြင်နေကျ ပုံစံတွေ ထဲကနေ ကွဲထွက်မယ့် အရာတွေ မြင်နေကျထဲ ကမှလည်း ပိုပြီး ခမ်းနား သွားအောင် စီစဉ် တင်ဆက်ဖို့ ကျွန်တော် စဉ်းစားထားပါတယ်။ ပွဲကို အကောင်း ဆုံးဖြစ် အောင်အချိန်လေး ယူပြီး ပြင်ဆင်နေပါတယ်” လို့ ပြောပါတယ်။
သဘင့်အရေး နဲ့ပတ်သက် ပြီး သဘင်ထု တစ်ရပ်လုံး ပါဝင် ဆွေးနွေးကြမယ့် သဘင် ညီလာခံကိုလည်း အခုနှစ်အ တွင်း ပြုလုပ်သွားဖို့ စီစဉ်နေလျက် ရှိကြောင်း လည်း သိရပါတယ် ။ဒီသဘင်ညီလာခံ ပြုလုပ် တဲ့အခါမှာလည်း တက်ဖြစ်အောင် ကြိုးစားသွား မှာဖြစ်ပြီး ဒီသဘင် ညီလာခံက သဘင်သမား တွေ အတွက် သိပ် အရေးကြီးတဲ့ ကိစ္စ ဖြစ်နေခြင်း ကြောင့်ပဲဖြစ်တယ် လို့ဖိုးချစ်က ပြောပါတယ်။
“ညီလာခံ ကျရင် တင်သွင်းမယ့် ကိစ္စ လေးတွေ၊ အကြံပြုရမယ့် ကိစ္စလေးတွေကို လည်း ကျွန်တော် သိသလောက်၊ တတ်သ လောက် ရေးနေပါတယ်။ ဇာတ်တွေရဲ့ အခွန် ကိစ္စ၊ ပွဲမိန့်ကိစ္စတွေပေါ့။ အများကြီးရှိ ပါသေးတယ်။ ဒါတွေကို ဥပဒေ အတိုင်း ပြဌာန်းမှပဲ ဘယ်အစိုးရပဲ တက်တက် ကျွန် တော်တို့ အတွက် cover ကလည်း ဖြစ်မှာလေ” လို့ သဘင် ညီလာခံနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပြင်ဆင်နေမှု အပိုင်းကို ဖိုးချစ်ကပြောပါ တယ်။
လင်းအက္ခရာ
Source:Popularmyanmar.com
0 comments:
Post a Comment