အမေရိကမှာ သီချင်းသစ် တစ်ပုဒ်ကို အသံ သွင်းယူခဲ့မယ့် Snare အဖွဲ့


နဝင်း နဲ့ဖြိုးလေး တို့ရဲ့ Snare  အဖွဲ့က သင်္ကြန် မတိုင်ခင် April 10 ရက်နေ့မှာ ကျင်းပတဲ့ စိုင်းစိုင်းခမ်းလှိုင် ရဲ့မွေးနေ့ show မှာ သီချင်း များစွာနဲ့ ပါဝင် တင်ဆက်ခဲ့ပြီး သင်္ကြန်ကာလမှာတော့ ရန်ကုန် ပြည်လမ်းမှာရှိတဲ့ Alpine မဏ္ဍပ်မှာ ဖျော်ဖြေခဲ့ပါတယ်။
“သင်္ကြန်တွင်းမှာ ဖျော်ဖြေရတာ ကတော့ သိပ်ပြီး ဖိစီးမှုမရှိဘူး။ မဏ္ဍပ်မှာလည်း တစ်ချိန်လုံး ရှိနေတာဆိုတော့ ကိုယ့် အလှည့်ရောက် ရင်ဆိုလိုက် တယ်။ ပြီးရင် မဏ္ဍပ်မှာ ပဲ ရေကစားရင်း ပျော်ကြတာပါပဲ။ သီချင်း ဆိုဖို့လည်း ရှိတော့ တအားတော့မကဲဘူး” လို့ သင်္ကြန်တွင်း ဖျော်ဖြေပုံနဲ့ ပတ်သက် ပြီး Snare အဖွဲ့က ဖြိုးလေးကပြောပြပါ တယ်။ Snare အဖွဲ့က သင်္ကြန် အပြီးမှာ တော့ Snare Live Show စီးရီးကို ထွက် ရှိဖို့ရှိပြီး Snare အဖွဲ့ရဲ့တတိယ အခွေအတွက် သီချင်းတွေ လည်းစုနေပြီ လို့သိရ ပါတယ် ။မေလထဲမှာ လည်း အမေရိကကို စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ မိစန္ဒီ၊ သီရိဆွေ တို့နဲ့ အတူ U.S  Tour သွားမယ့် Snare က ပြည်ပပွဲနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ မေလဆန်း မှာသွားမယ်။ ဟိုက ၄ မြို့မှာ တစ်လကြာ ဖျော်ဖြေမှာ ပါ။ ဒါက ကျွန်တော် တို့ ရဲ့ပထမဆုံး အမေရိက ဖျော်ဖြေရေးပါ ။ဖျော်ဖြေရေး ပိုင်း ကိုတော့ အဓိက ထား ပြီး ပြင်ဆင်ရပါတယ်” လို့ Snare အဖွဲ့က ဖြိုးလေးက ပြောပြပြီး အမေရိက မှာလည်း ဒီကသီချင်း တစ်ပုဒ် ယူသွားပြီး အသံသွင်း ယူခဲ့မယ်လို့ သိရပါ တယ်။
“ဟိုမှာ စတူဒီယိုတွေ ကိုလည်း သွားပြီးလေ့လာမယ်။ ပြီးရင် ကျွန် တော် တို့သီချင်းသစ် တစ်ပုဒ်ကိုလည်း ဟိုက စတူဒီယိုမှာ အသံသွင်းခဲ့မယ်။ အဲဒါက တော့ ကျွန်တော် တို့ Snare အနေနဲ့လည်း ဖြစ်ရင်ဖြစ်မယ်။ ဒီက သွားကြတဲ့ အဆိုတော်တွေ အားလုံးစုပြီးဆိုတဲ့ သီချင်းလည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒါက တော့ ဟိုရောက်မှ တိုင်ပင်ပြီး အသံသွင်းကြမှာပါ”လို့ ဖြိုးလေးက ပြောပြခဲ့ပါ တယ်။
ရဲရဲ
Source:Popularmyanmar.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment