ရခိုင်ပြည်နယ်တွင် ဖမ်းဆီးခံထားသူ ၁၇ ဦးကို တရားရုံးတင်ပြီး ရမန်ယူ



 ရန်ကုန်၊ မေလ ၅

 မင်းပြား၊ ရသေ့တောင်နှင့် ကျောက်ဖြူမြို့အပါအ၀င် ရခိုင်ပြည်နယ် အနှံ့အပြားမှ ရက္ခိုင့်တပ်မတော် ဆက်စပ် သံသယဖြင့် ဖမ်းဆီးထားသူ ၁၇ ဦးအား မေလ ၄ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးကိုတင်ကာ စစ်ဆေးရန် ရမန်ယူသွားသည်ဟု သိရသည်။

“ ဟုတ်ပါတယ်။ မြို့နယ် တရားရုံးမှာ ရမန်ယူပါတယ်။ တပ်က ရမန်ယူတာ ဖြစ်ပါတယ်။ တပ်က စစ်ဆေးစရာရှိတာကြောင့် ရမန်ယူတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အသေးစိတ် ပြောဆိုဖို့ အခက်အခဲ ရှိပါတယ်” ဟု ကျောက်တော်မြို့ ရဲစခန်းမှူးက ပြောကြားသည်။

ဖမ်းဆီးထားသူ ၁၇ ဦးမှာ ကျောက်ဖြူ၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့က ဖြစ်ပြီး  ကျောက်တော်မြို့ သို့ မေလ ၂ ရက်နေ့က ပို့ဆောင်ခံထားရသူများ ဖြစ်ကြောင်း သိရသည်။

သူတို့အား ကျောက်တော်မြို့ ရဲစခန်းချုပ်နှောင်ထားပြီး စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု သိရသည်။

တစ်ခြား သတင်းတစ်ရပ်တွင် တိုက်ပွဲ ဖြစ်ပွားရာဒေသများမှ ဖမ်းဆီးခံထားရသူများကို စစ်တပ်က ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဖော်ပြသည်။

“ လွှတ်ပေးလိုက်တဲ့ အထဲမှာ ၀ဲကြီးထောင့်ရွာက ၂ ဦး၊ လင့်စင်ရွာသစ်က ၁၁ ဦး၊ စုစုပေါင်း ၁၃ ဦး ပြန်လွှတ်မြောက်လာပါတယ်။ ကျန်တာကတော့ သုံးယောက်ကျန်ပါသေးတယ်” ဟု အဆိုပါ ဒေသသို့ လူမှုရေး အကူအညီ သွားပေးခဲ့သူ ကျောက်တော် အမျိုး သမီး ကွန်ရက်မှ ဒေါ်လှမေက ပြောဆိုသည်။

ဝဲကြီးထောင့်ကျေးရွာမှ ၃  ယောက် အဖမ်းဆီးခံထားရရာတွင် နှစ်ဦးလွှတ်မြောက်လာပြီး ဦးကျော်ထွန်း (၅၂) နှစ် ဆိုသူမှာ ဆက်လက် ဖမ်းဆီးခံထားဆဲ ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ
http://www.narinjara.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment