တစ်ကိုယ်တော်ခွေအတွက် သီချင်းစုနေပြီဖြစ်တဲ့ မြင့်မြတ်


၂၀၁၅ ထဲမှာ ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့ရှိတဲ့ မြင့်မြတ်က လက်ရှိမှာ ဟာသကားတွေ အရိုက်များနေပါတယ်။ ပထမဆုံးအနေနဲ့ ကားရိုက်တွေအကြောင်း မေးကြည့်လိုက်တော့ "ခုရိုက်နေတဲ့ ကားလေးက လူလိမ်တဲ့။ ဒါရိုက်တာက ဦးဝင်းထွန်းထွန်း မင်းသမီးက သဉ္ဖာနွယ်ဝင်းပါ။ ဟာသရိုမန့်စ်လေးပေါ့။ ဒီ၂၀၁၅ ထဲမှာ အက်ရှင်အကြမ်းကားလေးတွေလဲ ရိုက်ဖြစ်တယ်။ ဒရာမာလဲ ရိုက်တယ်။ အစုံတော့ရိုက်တယ်။ ခုဒီနောက်ပိုင်းမှာတော့ အများအားဖြင့် ဟာသကားတွေ ပိုရိုက်ဖြစ်နေတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့လဲ ၂၀၁၅ ထဲမှာ ရိုက်ဖို့တွေရှိတယ်။ ၅လပိုင်းအကုန်မှာ တစ်ကားရှိတယ်။ ၆လပိုင်းလဆန်းမှာ တစ်ကားရှိမယ်။ ပါဝင်မဲ့သူတွေက ဒါရိုက်တာက ကိုဆာမိဖြစ်မယ်။ မိုးဗီဒီယို ထုတ်လုပ်ရေးကပေါ့။ မမိုးဟေကိုက ပရိုဂျူဆာပါ။ ကျွန်တော်ပါမယ်။ ကိုထွန်းပါမယ်။ နေဒွေးပါမယ်။ ကိုခင်လှိုင်ပါမယ်။ ဇာတ်ကြမ်းကားပါ။ ကားကြီးကို ဘယ်နှကားရိုက်မယ်ဆိုပြီး သတ်မှတ်ထားတာမျိုး မရှိဘူး။ လာငှားရင် လာငှားသလို ကိုယ်နဲ့လဲလိုက်ဖက်ပြီး ဇာတ်အဆင်ပြေရင် ရိုက်ဖြစ်ပါတယ်။" လို့ သူက ပြောပါတယ်။
ဂီတဖက်နဲ့ပတ်သက်ပြီးတော့လည်း သူ့ရဲ့ လှုပ်ရှားမှုတွေကိုတော့ သူက "ကျွန်တော်ပြင်ဆင်နေတုန်းပဲ။ ကျွန်တော်ကောင်းချင်တယ်။ ကျွန်တော်သီချင်းတွေ စုနေတယ်။ ကျွန်တော့်ဖက်က ပြည့်စုံပြီဆိုရင်တော့ ပရိသတ်ကိုချပြမှာပါ။ သီချင်းက စုထားတာ ၉ ပုဒ်လောက်ရှိပြီ။ တစ်ပုဒ်မှတော့ မဆိုရသေးဘူး။ ကိုယ်တိုင်ရေးသီချင်းကတော့ မရေးဖြစ်သေးပါဘူး။ ရေးလဲ မရေးတတ်ဘူး။ သူများဆီက ၀ယ်ထားတာတွေပေါ့။ များလေကောင်းလေမို့လို့ အခုလက်ရှိမှာ သီချင်းတွေပဲ စုဖြစ်နေပါတယ်"တဲ့။
အချစ်ရေး အေးဆေးပါလို့ ဖွင့်ဟလာတဲ့ မြင့်မြတ်က "လက်ထပ်ဖို့ကတော့ လိုပါသေးတယ်။ နားလည်ထားတဲ့ အချစ်က နားလည်မှုလို့ပဲ ထင်ပါတယ်။ နားလည်မှုရှိရင် အရာအားလုံးအဆင်ပြေတယ်။" လို့ ဆိုသွားပါတယ်။
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment