ဒီ စိတ်အနှောင့်အယှက် ဖြစ်စရာ လက်သည်းပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ


လက်သည်းနဲ့ ပတ်သက်ပြီး လူတစ်ယောက်ချင်းစီမှာ ပြဿနာအနည်းအများတော့ ရှိတတ်ကြတာပါပဲ။ အမျိုးသမီးတွေဆို ဒီိလိုပြဿနာပိုလို့တောင် စိတ်ရှုပ်ကြရပါသေးတယ်။ ဒီတော့ အမြဲတမ်းနီးပါး တစ်နည်းမဟုတ် တစ်နည်း ကြုံတွေ့နေကြရတဲ့ လက်သည်းပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ၊
၁။သင့်လက်သည်းတွေက မာပြီး ကြွတ်ဆတ်နေမယ်ဆိုရင်
လူအများစုကြုံရတဲ့ လက်သည်းပြဿနာက ဒါပါပဲ၊ လက်သည်းကျိုးလွယ်တာမျိုးပါ။ တစ်ခါတစ်လေ လက်သည်းကို ကြည့်လိုက်တာနဲ့ အလွှာသဘောမျိုး ဖြစ်နေတာ မြင်ရပြီး အဲ့ဒီအလွှာတွေကပဲ ကျိုးကြေသွားတာမျိုးပေါ့၊ ဒီလိုအဖြစ်မျိုး ကြုံရတဲ့အခါ လက်သည်းကို ပိုမာအောင် လုပ်ချင်ကြတယ်၊ ဒါဟာ ပြဿနာကို ပိုကြီးထွားစေတာပါပဲ။ တကယ်လို့ သင့်လက်သည်းဟာ ပိုသန်မာလာမယ်ဆိုရင်ခြောက်သွေ့လာတယ်လို့ခံစားရရင် သင်လုပ်ပေးရမှာက လက်သည်းအတွက် လိုတဲ့ အားဖြည့်ဆေးလေးတွေ လိမ်းပေးဖို့ပါ၊ လက်သည်းအတွက် အာဟာရဖြည့်ပေးသလိုပေါ့။ အဲ့ဒီအားဖြည့် serum မှာ ကယ်ဆီယံဓာတ်ရယ်။ ဗီတာမင် B5ရယ်၊ urea တို့ ပါဝင်တာကြောင့် လက်သည်းအတွက် လိုအပ်တဲ့ moisturizer လေး ဖြည့်ပးလိုက်သလိုပါပဲ။
၂။သင့်လက်သည်းက ပျော့နေမယ်။ ကွေးလို့တောင်ရတယ်၊ ဒါပေမယ့် ကျိုးတတ်တဲ့ သဘောရှိမယ်ဆိုရင်
လက်သည်းက မာမာကြီး မဟုတ်ဘူး။ ပျော့ပျော့ပျောင်းပျောင်းလေးပဲ။ ကွေးတောင် ကွေးနိုင်တဲ့အထိ၊ ဒါပေမယ့် သူလည်း ကျိုးတတ်တဲ့ လက်သည်းဆိုရင် ဒီလိုဖြစ်တာဟာ လက်သည်းကို တစ်ခုခုလုပ်လေ့ရှိတာကြောင့်ပါ၊ အထူးသဖြင့် လက်သည်းအတုလေးတွေ တပ်နေကျဆိုရင် ပိုဆိုးပါတယ်၊ ဒါဆိုရင် လက်သည်းသားကျန်းမာအောင် ဂရုစိုက်ရမှာ ဖြစ်ပြီး လက်သည်းသား ပိုမာလာအောင် လုပ်ပေးနိုင်ပါတယ်၊ ဒီလိုလုပ်တဲ့အခါ တစ်ပတ်မှာ တစ်ခါ နှစ်ခါသာ လုပ်ပေးပါ၊ လိုတာထက်ပိုလုပ်မယ်ဆိုရင် မထင်မှတ်ထားတဲ့ ဆိုးကျိုးတွေ ရရှိနိုင်တာကြောင့်ပါ။
၃။လက်သည်းက ပိုရှည်လာတယ်လို့ မခံစားရတော့ဘူးဆိုရင်
သင့်လက်သည်းက ဒီအရှည်ကနေ ထပ်ရှည်လာတယ်လို့ မခံစားရတော့ဘူးဆိုရင် ဒါဟာ သင့်လက်သည်းသား လုံးဝမကေင်းတော့တာကြောင့် ဖြစ်နိုင်ပါတယ်၊ နောက်တစ်ချက်က သင့်လက်ဟာ အမြဲတမ်းအေးစက်နေမယ်ဆိုရင်လည်း လက်သည်းရှည်တာ နှေးပါတယ်။ ဒီလို ပြဿနာမျိုး ကြုံရရင် လက်သည်းကို ဗီတာမင်နဲ့ ပရိုတင်းပြည့်ဝတဲ့ လက်သည်းအားဖြည့်အဆီတစ်မျိုး လိမ်းပေးဖို့ လိုပြီး လိမ်းပေးတဲ့အချိန် လက်သည်းအပေါ်ခွံလေးတွေကို သေချာလေး နှိပ်ပေးတာမျိုး လုပ်ပေးလိုက်ပါ။
၎။ လက်သည်းအရောင်တွေက ၀ါဖန့်ဖန့်နဲ့ ကြည့်မကောင်းတော့ဘူးဆိုရင်
လက်သည်းအရောင်ပြောင်းရခြင်းဟာ နေမကောင်းလို့ပဲဖြစ်ဖြစ်၊ ဆေးလိပ်အရမ်းသောက်တာကြောင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်သည်းဆိုးဆေး ဆိုးတဲ့အခါ အရင်ဆုံး ဆိုးသင့်တဲ့ base coat မဆိုးပဲ ကာလာတန်းဆိုးလို့ပါ။ လက်သည်းအရောင်လေးတွေ ပြန်တောက်ပြောင်လာဖို့ ဆိုရင်တော့ ကိုယ့်ဘာသာကိုယ် သံပုရာသီးရယ်၊ သကြား နဲ့ သံလွင်ဆီ နည်းနည်းရောစပ်ပြီး လက်သည်းပေါ် ပွတ်ပေးရမှာပါ၊ ဒါကို ဖော်စပ်ဖို့ ပိုသေချာသိချင်ရင်တော့ အင်တာနက်မှာ ထပ်ရှာကြည့်ပါ။
၅။ လက်သည်းက လွယ်လွယ်ကူကူ ကျိုးတတ်တယ်ဆိုရင်
ဒီအချက်ဟာ လက်သည်းတွေမှာ ပြင်ဆင်ရအခက်အခဲဆုံး အပိုင်းပါ၊ ဒီအချက်က ပထမနဲ့ ဒုတိယအချက်ကြောင့်လား သေချာအောင် ဆန်းစစ်ပြီး လိုအပ်တာကို ပြင်ဆင်ဖို့ လိုပါတယ်၊ ဒီအတိုင်း ဆက်ထားမယ်ဆိုရင်တော့ သင့်လက်သည်းက ကျိုးမြဲကျိုးနေတော့မှာ ဖြစ်ပါတယ်။
Ref:cosmopolitan
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment