အငြိမ့် မင်းသမီး အစစ် နှင့် ဇာဂနာ


ဟာသ လူရွှင်တော် ဇာဂနာက မြန်မာ့ ရုပ်မြင်သံကြား နှင့် ပူးပေါင်း ၍ အနုပညာ ဖျော်ဖြေမှုများ အတွက် မြန်မာ့ အငြိမ့် သဘင် ရေစီးကြောင်း ဖြစ်ပေါ်လာပုံ ကို မေ ၇ ရက်နေ့ က စတင် ရိုက်ကူးကြောင်း သိရသည်။
”ဒီအစီအစဉ် ကို ရိုက်ဖြစ်တဲ့ အကြောင်းက ကျွန်တော် မြန်မာ လူငယ်တွေ ကို မြန်မာအငြိမ့် ဘယ် တုန်းက စပေါ်လာတာလဲ၊ အငြိမ့် မင်းသမီး နဲ့ အငြိမ့် လူရွှင်တော်က ဘယ်သူတွေလဲ၊ ပထမဆုံးအငြိမ့် သီချင်းကဘာလဲဆိုပြီး သိစေချင် လို့ မြန်မာ့ရုပ်မြင်သံကြားက ကမ်း လှမ်းလာတာနဲ့ လုပ်ဖြစ်သွားတာ ပါ” ဟု ဇာဂနာက ပြောသည်။
အဆိုပါ အစီအစဉ်ကို မြန်မာ့ ရုပ်မြင်သံကြားမှ ထပ်မံ တိုးချဲ့သည့် ရုပ်သံလိုင်း တစ်ခုတွင်ပြသရန် ဖြစ် သည်ဟု သိရသည်။
”အခု အငြိမ့်တွေမှာ မင်း သမီးကိုကျော်ပြီး လူရွှင်တော်တွေပဲ ကြည့်ခဲ့တယ်။ ဒါလည်း အငြိမ့်မင်း သမီးတွေ ကိုယ်တိုင်ကပဲ လုပ်တာ ပါ။ အရင်က ဆိုရင် အငြိမ့်မင်း သမီးတွေကို ကြိုက်လွန်းလို့ ကျောင်း တွေကတောင် လေဘာတီ မမြရင်၊ ယူနီဗာစီတီ မြသန်းကြည် သူတို့ နာမည်ရှေ့မှာ ကို အဲ့ဒီလို ဘွဲ့တွေ ပေးခဲ့တယ်။ အခုက သရုပ်ဆောင် မင်းသမီးက ကလို က၊ ဘယ်ဟာက အငြိမ့်မင်းသမီးအစစ်မှန်း မသိကြ တော့တာပါ”ဟု ဇာဂနာကပြောသည်။
၎င်းအစီအစဉ်တွင် အပိုင်း ၁၅ ပိုင်း ရိုက်ကူးရန် စီစဉ်ထားပြီး ခေတ် ၁၄ ခေတ်ကို ထင်ဟပ် အောင် ရိုက်ကူးမှာ ဖြစ်ပြီး နောက်ဆုံး အပိုင်းတွင် မြင်နေကျ ပုံစံမဟုတ် ဘဲ တစ်မူ ထူးခြား ရိုက်ကူးသွားရန် စီစဉ်ထားသည်ဟု သိရသည်။
 ”ကျွန်တော် အငြိမ့် ကတိုင်းမှာ ပြီးပြီးရော ဆိုပြီး တစ်ခါမှ မကခဲ့ဘူး။ ဒီအစီအစဉ် ကိုလည်း ဖြစ်ကတတ် ဆန်း မလုပ်ဘူး။ အစိုးရနဲ့ ပေါင်း တယ်လို့ မမြင်ဘဲ အနုပညာ တစ်ခု တင်ဆက် တယ်လို့ပဲ မြင်စေချင် တယ်” ဟု ဇာဂနာက ပြောသည်။
အဆိုပါ မြန်မာ့ အငြိမ့်သဘင် ကိုလာမည့် ဇူလိုင်လဆန်းတွင် ထုတ်လွှင့် ပြသမည်ဟု သိရသည်။
ထူထူး
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment