ဗီဒီယိုဈေးကွက် ပျက် မပျက် ဒါရိုက်တာ ဟိန်းစိုးနှင့် တွေ့ဆုံခြင်း


ဗီဒီယိုဈေးကွက် ပျက်ပြီ ပြောတဲ့ အပေါ် ဒါရိုက်တာ တစ်ယောက် အနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။
ပျက်တာတော့ မပျက်ဘူး။ ပျက်တယ် ပြောတယ် ဆိုတာက လိမ်တဲ့လူတွေ များလို့ပါ။ ကိုယ် တွေ ကလည်း လိမ်ပြီး ရိုက်ကြတာ လေ။ ဇာတ်ကား တစ်ကားကို သုံး ရက်နဲ့ အပြီးရိုက်ရင် ငှားမယ်လာ ပြောတယ်။ ကျွန်တော် မရိုက်ဘူး။ ပိုက်ဆံ မကြည့်ဘူး။ ကျွန်တော့် အနုပညာကို ကျွန်တော် တန်ဖိုး ထား ထိန်းသိမ်းတယ်။ ကျွန်တော် ဒီပညာနဲ့ လုပ်စားတယ်။ ဒီပညာကို သင်ခဲ့တာ နှစ်ပေါင်း ၃ဝ ကျော် ကျွန်ခံပြီး အောက်ခြေကနေ အစ ကျကျနန သင်ခဲ့တာပါ။ အခုဆို အခြောက်ကားတွေ ပဲ ရိုက်ကြ တယ် ။ အောင်မြင်တယ် ကျော်ကြားတယ် ဆိုတဲ့ အနုပညာရှင် တချို့တွေ တောင် အခြောက်ကားတွေ ဆင်း ရိုက်ကြတာ ကိုယ့်သိက္ခာ၊ ကိုယ့် သမ္ဘာတောင် မထိန်းသိမ်း ကြဘူး။ အခုက ပေါတောတော ကားတွေ တစ်လမှာ ခြောက်ကားလောက် ထွက်နေတယ်။ ဒါကို ဝိုင်းပြီးတော့ လုပ်မှရမယ်။
ဒီအတိုင်း ဆက်သွားရင် မြန်မာဗီဒီ ယိုလောကအခြေအနေ ဘယ်လို ဖြစ်သွားမယ်လို့ သုံးသပ်ပါသလဲ။
ဒီတိုင်း ဆက်သွားရင် အဓိက က ဇာတ်ကားတွေ အရေအတွက် ပေါပေါ သီသီရမယ်။ ပရိသတ်တွေ လက်မခံနိုင်တဲ့ ဟာမျိုး ထပ်ထွက် နေဦးမှာပဲ။ နောက်တစ်ခုက ဇာတ် လမ်းတွေပြောင်းပြန် ဆန်ခတ်လှည့် ရိုက်နေကြမှာပဲ။ ရုပ်ရှင်တွေရဲ့ ပညာကိုမှ ပြသမှု မရှိတော့ ပရိသတ် တွေလည်း လျော့နည်း သထက် လျော့နည်းသွားမယ်။ အခု နာမည်ကြီး ဒါရိုက်တာတွေက နည်းနည်း လေးပဲ ရိုက်ကြတော့တယ်။ တချို့ ဆို ရိုက်ကို မရိုက်ကြတော့တာ။ လေးရက် တစ်ကား၊ ငါးရက်တစ်ကား က ဒါရိုက်တာ ကြီးတွေ အတွက် အချိန်မလောက်ဘူး။
ဇာတ်တွေထပ်တာ၊ အခြောက်ကား တွေအရိုက်များတာ ရသ ကောင်း ကောင်းပေးနိုင်တဲ့ဝတ္ထု မရှိတော့ လို့လား။
ဒီလိုကားတွေ ထပ်တာ ရသ ဝတ္ထုတွေနဲ့ မဆိုင်ပါဘူး။ အရင်က နာမည်ကြီး ဝတ္ထုရိုက်တာ များတယ်။ ပရိသတ်လည်း ပိုအားပေးတယ်။ အခုက ကိုယ်ပိုင် ဇာတ်လမ်း ဇာတ် ညွှန်း များတယ်။ အဓိက ကတော့ အနုပညာ ဝမ်းစာပဲ။ အနုပညာ ဝမ်းစာ မပြည့်ရင် အသစ် ဆိုတာ ထပ်ထွက်လာမှာ မဟုတ်ဘူး။
ကောင်းအောင် ဘယ်လိုရိုက်သင့် လဲ။ မင်းသား မင်းသမီး အပြောင်း အလဲ ဖြစ်အောင်ရိုက်သင့်လား။
 အခုမြန်မာမှာက နိုင်ငံတကာ ကို ထိုးဖောက်ဖို့ လျှောက်ပြောနေ တယ်။ ကုန်ကျမယ့် ကုန်ကျစရိတ် ကြေးက ဘယ်သူမှ မရင်းနှီးချင်ကြ ဘူး။ အခု ဗီဒီယို ဇာတ်ကား တစ် ကားမှာ သုံးပုံနှစ်ပုံမှာ မင်းသား ကြေး မင်းသမီးကြေးပေးပြီး ကျန် တဲ့ တစ်ပုံ နဲ့လောက်အောင် လှည့် ပတ် ရိုက်နေကြတာ။ အဲဒီတော့ နေရာတွေ ထပ် အသုံးအဆောင်တွေ ထပ်သွား တာပေါ့။ နိုင်ငံတကာထက် ယိုးဒယားကို မီအောင်တောင် မလုပ်နိုင်သေးဘူး။ မြန်မာမှာ က တစ်ခုရှိတယ်။ ပရိသတ်တွေ က တစ်လက်ကောင်းပဲ ကြိုက်တယ်။ ဒီတစ်ယောက် ဆို ဒီတစ်ယောက်ပဲ။ မုန်းပြီ ဆိုရင်လည်း လှည့်မကြည့် ကြဘူး။ အဲဒီတော့ အသစ်ကို တင်ဖို့ဆိုတာ အခက်အခဲ ဖြစ်သွား တယ်။ သူများနိုင်ငံ မှာက အသစ်ကို နေရာ ဦးစားပေးတယ်။
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment