အမျိုးသမီးတစ်ဦးကို ဓါတုဖျော်ရည်သုံး အခြောက်ခံတဲ့ဆိုင်ခန်း သံဘောင်ခန်းမှာ ချုပ်နှောင်ပြီး ကျွန်တစ်ယောက်လို အလုပ်လုပ်ခိုင်းခဲ့တယ်လို့ မက္ကဆီကိုမြို့အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ အဲဒီအမျိုးသမီးဟာ တနင်္ဂနွေနေ့မှာ ထွက်ပြေးလွတ်မြောက်လာပြီး ရဲကို အသိပေးရာ ရဲတွေက အဲဒီဆိုင်ကို ၀င်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြို့တော်ရှေ့နေများက ပြောပြခဲ့ပါတယ်။ ဆိုင်ပိုင်ရှင် အမျိုးသမီးလေးဦးနှင့် အမျိုးသား တစ်ဦးဟာ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးကို အဓမ္မ အလုပ်လုပ်ခိုင်းခဲ့တဲ့အတွက် လူကုန်ကူးရေး စွဲချက်တွေနှင့် ရင်ဆိုင်နေရပါတယ်။
အဲဒီအမျိုးသမီး အလုပ်မလုပ်ရင် ဆိုင်ပိုင်ရှင်တွေက သူမရဲ့လည်ပင်း သို့မဟုတ် ခါးကို သတ္တုဘောင်မှာ ချည်နှောင်ကာ (စက်သုံး) ခွရှင်၊ ကြိုး၊၊ အခြားပစ္စည်းများနဲ့ ရိုက်နှက်ပြီး သံရည်ပူနဲ့ ပက်ခဲ့ကြတယ် လို့ ရှေ့နေတွေက ပြောကြားခဲ့ပါတယ်။ အဲဒီအမျိုးသမီး သံတိုင်မှာ ခဏနေနားဖို့ မှီလိုက်တာနဲ့ အရိုက်နှက်ခံရခဲ့ရတယ်ဟု ရှေ့နေ Juana Camila Bautista ကပြောကြားခဲ့ပါတယ်။
ဒါဏ်ရာတွေကောင်းတဲ့အခါလည်း အနာဖေးကိုသူတို့ကခွာပြီး နှိပ်စက်ခဲ့ကြပါတယ်။ ဒီအတိုင်း သူတို့က အဲဒီအမျိုးသမီးကို ၂ နှစ်ကြာနှိပ်စက်ခဲ့ပါတယ်။ အမျိုးသမီးအမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ အဲဒီဆိုင်ကိုသွားပြီး အလုပ်လျှောက်ခဲ့တယ်။ နေစရာနေရာလည်းပေးပြီး အစပိုင်းမှာ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဟု အဲဒီအမျိုးသမီးကပြောပြခဲ့ ပါတယ်။ ဒါပေမဲ့ ဆိုင်ပိုင်ရှင်တွေက သူမကို ပစ္စည်းခိုးတယ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက် လုပ်အားခ မပေးဘဲ အတင်း အဓမ္မ အလုပ်လုပ်ခိုင်းခဲ့ပါတယ်။
နေ့တိုင်းလည်း မ၀ရေစာထမင်းတစ်နပ်ပဲ စားခဲ့ရပါတယ်လို့ သူမကပြောပြခဲ့ပါတယ်။ ဆာလောင်မွတ်သိပ်မှုဒါဏ်ကို ရပ်တန့်ဖို့အတွက် အ၀တ်တွေအပေါ်မှာ သူတို့ခြုံအုပ်လေ့ရှိတဲ့ ပလတ်စတစ်ကို သူမ၀ါးစားခဲ့ရတယ်လို့ Bautista ကပြောပြခဲ့ပါတယ်။ နောက်ဆုံးမှာ လုံမငယ်လေး ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ပြင်းထန်စွာ နာကျင်မှုတွေ နဲ့ အသက်ပါဆုံးရှုံးစေတဲ့ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေ၊ အမာရွက်တွေ တစ်ကိုယ်လုံး ပြည့်နှက်နေပါတယ်။ အာဏာပိုင်တွေက အဲဒီအမျိုးသမီးကို အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးများ စခန်းမှာ နေရာချထားပေးခဲ့ပါတယ်။
Ref:foxnews
Source:trend.com.mm
0 comments:
Post a Comment