နေပြည်တော် မေ ၁၆
ဖုန်ကြားရှင်၏ MNDAA သောင်းကျန်း သူများ အခိုင်အမာ ခံစစ်ဆင်ထားသော လောက်ကိုင်မြို့ မြောက်ဘက် ပွိုင့်-၂၂ဝ၂ တောင်ကုန်းအား တပ်မတော်စစ်ကြောင်းများ က မေ ၁၄ ရက်တွင် အောင်မြင်စွာ သိမ်းပိုက် ရရှိပြီး ဆုတ်ခွာသွားသော သောင်းကျန်းသူ အကြွင်းအကျန်များအား စစ်ကြောင်း သုံးကြောင်းခွဲ၍ ဆက်လက်ရှင်းလင်း တိုက်ခိုက်ခဲ့ရာ စီကော်လျံ ဒေသရှိ ဟိုထိုလင် ကျေးရွာနှင့် ပတ်ဝန်းကျင်အား ယနေ့နံနက် ၉ နာရီတွင်လည်းကောင်း၊ စီတုံးဆွေကျေးရွာ နှင့် ပတ်ဝန်းကျင်အား နံနက် ၁၁ နာရီတွင် လည်းကောင်း၊ နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင် အမှတ်(၁၂ဝ)ရှိ ပွိုင့်-၂ဝ၇၁ တောင်ကုန်းအား မွန်းလွဲ ၁ နာရီ မိနစ်၂ဝ တွင်လည်းကောင်း အောင်မြေချဲ့ သိမ်းပိုက်ရရှိခဲ့သဖြင့် စီကော် လျံဒေသအတွင်းရှိ MNDAA သောင်းကျန်း သူ အကြွင်းအကျန်များအား တိုက်ခိုက် ချေမှုန်းနိုင်ခဲ့သည်။
ထိုသို့ အောင်မြေချဲ့ သိမ်းပိုက်စဉ် MNDAA သောင်းကျန်းသူများထံမှ ပွိုင့်-၂ဝ၇၁ ၌ အလောင်းနှစ်လောင်း၊ လက်နက်မျိုးစုံသုံးလက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ၊ ဟိုထိုလင်ကျေးရွာနှင့် ပတ်ဝန်း ကျင်၌ အလောင်းနှစ်လောင်း၊ လက်နက်မျိုးစုံ လေးလက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ စီတုံးဆွေကျေးရွာနှင့် ပတ်ဝန်းကျင်၌ အလောင်းတစ်လောင်း၊ လက်နက် မျိုးစုံသုံးလက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။
လောက်ကိုင်ဒေသ အတွင်း MNDAA သောင်းကျန်းသူ အကြွင်းအကျန်များ အခြေပြု နေထိုင်လှုပ်ရှားမှုများ လုံးဝ မရှိစေရေး တပ်မတော်စစ်ကြောင်း များက နယ်မြေရှင်းလင်းမှုဖြင့် အမြစ်ပြတ်ချေမှုန်းတိုက်ခိုက် သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
(မြဝတီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment