ပြည်သူနဲ့ နိုင်ငံအတွက် တိုးတက်မှု ဖော်ဆောင်ပေးနိုင်မယ့် ပညာရှိကိုသာ မဲပေးမယ်လို့ ဆိုတဲ့ ခင်ဝင့်ဝါ


၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြိမ်းချမ်းဆုံးနဲ့ အအေးချမ်းဆုံး ပြီးဆုံးစေချင်တဲ့ ခင်ဝင့်ဝါက ပြည်သူနဲ့နိုင်ငံအတွက် တိုးတက်မှုကို လုပ်ပေးနိုင်မဲ့ ပညာရှိကို မဲပေးမယ်လို့ဆိုလာပါတယ်။
"ညီမတို့နေတဲ့ မြန်မာနိုင်ငံကြီး တိုးတက်ပြီးတော့ ပြည်သူပြည်သားတွေ အားလုံး အေးချမ်းငြိမ်းချမ်းပြီး၊ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်မဲ့သူကိုပဲ မဲပေးချင်ပါတယ်။ ဘယ်ပါတီရယ်လို့မဟုတ်ဘူး။ ညီမအနေနဲ့ မြန်မာတစ်နိုင်ငံလုံး အတွက်ရော ညီမတို့ပြည်သူပြည်သားတွေအားလုံးအတွက်ရော အဖက်ဖက်ကနေပြီးပြည့်စုံပြီး ညီမတို့ကို ခေါ်ဆောင်သွားပေးမဲ့ ပညာရှိ လူတစ်ယောက်ကိုပဲ မဲပေးမှာပါ။ ရွေးကောက်ပွဲပြီးသွားတဲ့ အခါမှာလဲ မြန်မာနိုင်ငံကို ဖြစ်စေချင်တာကတော့ ငြိမ်းချမ်းစေချင်တယ်။ အငြိမ်းချမ်းဆုံး အအေးချမ်းဆုံးနဲ့ပဲ ပြီးသွားစေချင်ပါတယ်။ ညီမတို့နိုင်ငံက ဗုဒ္ဒဘာသာနိုင်ငံလဲဖြစ်တယ်။ ဗုဒ္ဒဘာသာရဲ့အရိပ်အာဝါသအောက်မှာ ငြိမ်းချမ်းတဲ့ အေးချမ်းတဲ့ တည်ငြိမ်တဲ့ အပူအပင်ကင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်စေချင်ပါတယ်"တဲ့။
ခုလတ်တလောမှာ သူမဟာ ရှယ်ချွေးမဆိုတဲ့ ဇာတ်ကားလေးကို  ရန်အောင်၊ အောင်ရဲလင်း၊ ထက်ထက်မိုးဦးတို့နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရတာကြောင့် ထက်ထက်မိုးဦးလို ၀ါရင့်တစ်ယောက်နဲ့ တွဲရိုက်ရတဲ့အခါ ဘယ်လို ခံစားချက်မျိုးရှိသလဲ မေးကြည့်လိုက်တော့ "ဒီကားထဲမှာ မထက်နဲ့အစုံခန်းတွေလဲပါတယ်။ မထက်နဲ့ခုလိုတစ်ကားတည်းမှာ တူတူပါဝင်ရိုက်ကူးခွင့်ရတဲ့အတွက်ပျော်လဲပျော်တယ်။ အရမ်းလဲဝမ်းသာတယ်။ ဒီကားကညီမအတွက်အမှတ်တရပေါ့။ ၀ါရင့်သရုပ်ဆောင်တွေနဲ့တူတူတွဲဖက်ပြီးသရုပ်ဆောင်ခွင့်ရတဲ့အတွက် ညီမအနေနဲ့ အတွေ့အကြုံသစ်၊ ပညာတွေအပြင် လေ့လာမှုတွေပါ လေ့လာခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။"လို့ သူမက ပြောပြသွားပါတယ်။
ဒီကားဟာ  ၂၀၁၅ ထဲမှာ ရိုက်တဲ့ ကားကြီးအနေနဲ့ ၃ကားမြောက်ဖြစ်ပြီး ပထမနှစ်ကားကတော့ ကျွန်တော့်ရည်းစားဘုရားမှာနေသည် နဲ့ သင်္ကြန်ပြတိုက် တို့ဖြစ်ကြောင်း ပြောပြသွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment