ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ် ဆုန်ခလာခရိုင်ထဲမှာ လူသေအလောင်းတွေ တွေ့ရှိခဲ့ပြီးတဲ့နောက် လူကုန်ကူးသူလို့ သံသယရှိသူ မြန်မာ ၁ ဦးနဲ့ ထိုင်း ၃ ဦးတို့ကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။
မလေးရှားနယ်စပ် တောထဲမှာ ရုပ်အလောင်း ၂၆ လောင်း မြှုပ်နှံ ထားတဲ့ နေရာကို ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဒေသဟာ မလေးရှား နိုင်ငံထဲကို ရိုဟင်ဂျာတွေ ခိုးသွင်းရာ လမ်းကြောင်းပေါ်မှာ ရှိတဲ့အတွက် အဲဒီ အလောင်းတွေဟာ ရိုဟင်ဂျာတွေရဲ့ အလောင်းတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ရှိနေပါတယ်။
တနင်းလာနေ့က ဖမ်းဆီးရမိသူ ထိုင်း ၃ ဦးထဲမှာ ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ကောင်စီအဖွဲ့ဝင် ၁ ဦး၊ ကျေးရွာအရာရှိ ၂ ဦး နဲ့ စိုးနိုင်ခေါ် အဏ္ဏဝါ ဆိုသူ မြန်မာ ၁ ဦးတို့ ဖြစ်တယ်လို့ ထိုင်းရဲက ပြောပါတယ်။
နောက်ထပ် သံသယရှိသူ ၄ ဦးကိုတော့ ရဲက ရှာဖွေနေဆဲ ဖြစ်ပါတယ်။
အဏ္ဏဝါ ဆိုသူဟာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ လူကုန်ကူး ဂိုဏ်း ခေါင်းဆောင် ရိုဟင်ဂျာ တစ်ဦး ဖြစ်ပြီး ရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး လူကုန်ကူးဂိုဏ်းတွေကို ထိုင်း အာဏာပိုင်တွေ ဖော်ထုတ်ရာက ဖမ်းဆီးမိတာလို့ Rohingya Society of Thailand အဖွဲ့က ဟာဂျီ အစ္စမိုင် က ဘီဘီစီ ကို ပြောပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
0 comments:
Post a Comment