ပေးဆပ်သူများအကြောင်း


ဇင်ဇင်ဇော်မြင့်
တစ်ယောက်တည်း နေက တည်းက ဘုရားတရား လုပ်တယ်။ ဒေါသဖြစ်စရာ ကြုံရင်တောင် တရားနဲ့ပဲ ဖြေတယ်။ အမေက စိတ်ထားကောင်းရင် ကံကောင်း ခြင်းတွေ လာမယ်။ နေ့စဉ်နဲ့အမျှ လှူဒါန်းနိုင်အောင် ကြိုးစားသွန်သင် ခဲ့တယ်။ ကိုယ် မိခင်ဖြစ်လာတော့ အခု ကိုယ့်ဘဝက သူတို့နှစ်ယောက် အနာဂတ် လှပဖို့ပဲ အဓိကဖြစ် တယ်။ မိဘ ဆိုတာက သားသမီး တွေကို အကောင်းဆုံးပဲ ပေးချင် တယ် အကောင်းဆုံးပဲ ဖြစ်စေချင် တယ်။ သားသမီး ဆီကလည်း ဘာမှ မမျှော်လင့်ဘူး။ ကိုယ်ကသာ ပေး ဆပ်ရုံ သက်သက်ပဲ။ မိဘတစ် ယောက် အနေနဲ့ ကိုယ့်သားသမီး တွေကို ဆုံးမတဲ့အခါမှာ လမ်းမှန် ရောက်အောင် ဆုံးမတတ်ဖို့ အလွန် အရေးကြီးပြီး တာဝန်လည်းကြီး တယ်။ အခု အစ်မ သားနှစ်ယောက် ကို စပြီး သိတတ်စ အရွယ်ကတည်း က အရင်ဆုံး ဘုရားတရားကို သင် ပေးတယ်။ လူကြီးမိဘတွေကို ရိုသေဖို့ ညအိပ်ရာ ဝင်ခါနီးတိုင်း မိဘတွေကို ကန်တော့တတ်ဖို့ အကျင့်လေးတွေ ကျင့်ပေးတယ်။ ဒါတွေက ငယ်တုန်း မသင်ပေးရင် ကြီးလာမှ လုပ်ရင်သူတို့ နာခံမှာ မဟုတ်ဘူး။ သားကြီးက အင်္ဂလန် က လာဖွင့်တဲ့ aကျာင်းမှာထား တော့ လူမျိုးခြား ဘာသာခြား ကြားမှာနေရတာ များတော့ သတိ ထားပြီး ယဉ်ကျေး လိမ္မာအောင် သင်ပေးရတယ်။ မိဘတွေကို တစ်ခုပြောချင်တာက လူတိုင်း စိတ်ဆိုး တတ်ကြတယ်။ လင်မယား တွေဆို ရန်ဖြစ် စကားများကြတယ်။ ဒါတွေကို ကလေးတွေရှေ့မှာ လုံးဝ မလုပ်မိပါစေနဲ့။ သူတို့တွေက အတုယူ လွယ်သလို စိတ်ထိခိုက် လွယ်ကြတယ်။ ဒါကြောင့် ကိုယ့် သားသမီးတွေ ယဉ်ကျေးလိမ္မာ အောင် မိဘကပဲ ဆုံးမနိုင်မှာပါ။
စမိုင်းလ်
ငယ်ငယ်ကတည်းကနေ အခု ချိန်ထိအစ်မ အမေက အစ်မကို အမြဲဆုံးမတယ်။ အမေ့ကြောင့် လည်း ဘုရားတရား ရှိပြီး လှူဒါန်း နိုင်တာပါ။ အခုဆို ကိုယ်တိုင်က သမီးနှစ်ယောက် မွေးထားတော့ အမေရဲ့ သောကတွေကို ကိုယ်ချင်း စာတယ်။ အခုဆို သမီးလေး နှစ်ယောက်ကို ဘုရားတရားကို ပြောပြသလို ငရဲဆိုတာ ကို လည်း ပြောပြတယ်။ လူကြီး မိဘတွေကို ရိုသေရမယ် ဘုရားတရားကို ဦး ထိပ်ထားရမယ်။ သူတို့ကို ပြည့် ပြည့်စုံစုံ ပဲထားချင်တော့ စီးပွားရေး တွေလုပ်တယ်။ အစ်မက စီးပွား ရေးသမား ဖြစ်သွားတော့ စိတ်တို လွယ်တယ်။ သူတို့ရှေ့မှာ စကား ဆင်ခြင်ပြီးပြောရတယ်။ ကလေး ဆိုတော့ ကောင်မ လို့ခေါ်ရင် သူတို့မှတ်ထားချင် မှတ်ထား မှာပဲ။ အစ်မ တစ်ခုခုမှားရင် ချက်ချင်း ပြန်တောင်းပန် ရတယ်။ သူတို့လေး တွေကိုလည်း အမှား လုပ်မိရင် ဝန်ခံတတ်အောင်လည်း  သင်ပေး ရတယ်။ အမှားကို သင်ခန်းစာ ယူပြီး ဆက်မမှားအောင်လည်း ဆုံးမရ တယ်။ ကလေး တစ်ယောက်ရဲ့ အနာဂတ်က မိဘပဲ။ မိဘဆိုတာ ကတော့ ကိုယ့်သားသမီး ကို အကောင်းတွေ ကိုပဲ ဖြစ်စေချင် တာလေ။ သူတို့တွေ လူတောသူ တောမှာ စကား အပြောအဆိုအနေ အထိုင်ကအစ ယဉ်ကျေးအောင် လိမ္မာအောင် ငယ်ငယ် ကတည်းက ပုံသွင်း ဆုံးမထားတယ်။ အဓိ က က တော့ သားသမီးတွေရဲ့ အပြုအမူ က မိဘနဲ့ တိုက်ရိုက်သက်ဆိုင် တယ်။
သက်ထားဦး
အစ်မ အိမ်ထောင်မကျခင် ကတော့ ရှာလို့ ရသမျှပိုက်ဆံ မိဘ တွေကိုပေးတယ်။ တစ်ယောက် တည်း နေတတ်တယ်။ လည်လည် ပတ်ပတ်လည်း သိပ်မလုပ်တော့  ရရင် အိမ်ကိုပဲပေးတယ်။ အခုဆို အိမ်ထောင်ကျပြီး သားတစ် ယောက် သမီးတစ်ယောက် ရလာ တော့ အစ်မဘဝက သူတို့ အတွက် သက်သက်ဖြစ်သွားတယ်။ အစ်မ အမေကို လည်း ကိုယ်ချင်းစာလာ မိတယ်။ သားသားတုန်းက ကိုယ် က လူငယ်စိတ် လည်း မပျောက် သေး မိခင်စိတ် ဆိုတာလည်း အဲဒီ လောက်မဖြစ်သေးတော့ နို့မထွက် တာ နဲ့ နို့ဘူးကူ၊ သူဆာရင် နို့ဘူး တိုက်လိုက် လွယ်လွယ်ပြောပြီး ကိုယ်ကတော့ သာသာယာယာ အိပ်နေတာပဲ။ သမီးလေး မမွေးခင် မှာ ကိုယ်ဝန် တစ်ခု ပျက်ကျသေး တယ်။ အဲဒီ ကိုယ်ဝန်တုန်းက သားသားက သုံးနှစ် သူက အဲဒီ ကလေးကို လုံးဝ မချစ်ဘူး။ သတ် ပစ်မယ် ဘာညာ ပြောတယ်။ သူ့ စိတ်ထဲမှာ ဒီကလေး ရရင် သူ့ကို မချစ်တော့ဘူး အဲဒီလို သူ့မှာ မနာလို စိတ်ကလေးရှိတာ တွေ့ တော့ အစ်မ အသိတစ်ခု ရလာတယ်။ သူ့ကို ဒီလို မဖြစ်စေချင်ဘူး။ အဲဒီတော့ သူ့ကို ကိုယ်ဝန် ပျက်ကျ ပြီး နောက် ကိုယ်ဝန် မရခင်မှာ သူ့ကို ပြောပြရတယ်။ သားသားက ဒီဘေဘီလေးကို ချစ်ရမယ် ဘာလို့ လဲဆိုတော့ ဖေဖေမေမေ က သား သားကို အချစ်ဆုံး ဆိုတော့ ဒီ ဘေဘီလေးက ချစ်မယ့် သူ မရှိဘူး သားသားက ပိုချစ်ရမယ်။ ပြောပြ ပါ များလာတော့ သူ့အသိထဲမှာ ဒီကလေးကို ချစ်လာတယ်။ အစ်မ သမီးလေး ကိုယ်ဝန် နဲ့တုန်းကဆိုရင် သူ ဗိုက်နား ကပ်ပြီး သီချင်းဆို စကားပြောတာတွေ လုပ်တယ်။ မွေးတော့လည်း သူ့ညီမကို တအား ချစ်တတ်သွားတာ။ ကလေးဆိုတာ အဓိက ကတော့ သူတို့ကို လမ်းပြ တတ်ဖို့ပါပဲ။ သား သမီးတွေ လိမ္မာ အောင် မိဘကပဲ တတ်နိုင်တယ်။ မိဘ ဆိုတာကတော့ ကိုယ့်သား သမီးကို ချစ်တော့ မထိရက်ကြဘူး။ အခုဆို သားသားက သူ့ညီမ အညစ်အကြေး ကအစ မရွံတတ် ဘူး။ သူတို့နှလုံးသား သူတို့အသိ ဦးနောက်က နုနယ်နေတော့ လိုရာ ပုံသွင်းနိုင်တဲ့ ဖယောင်း ဆိုတော့ အကောင်းပဲ ရိုက်သွင်းပါ။ အစ်မ က အလှူ အတန်းလုပ်ရင် သူ့ကို ခေါ်တယ် သမီးလေးက ကံကောင်း တယ်။ သူ့ကိုယ်ဝန် နဲ့ အလှူတွေ အများကြီး လုပ်ခဲ့တယ်။ သားသား ကိုလည်း ဘုရားတရား နဲ့ပတ်သက် တာ သင်ပေး သလို လိမ္မာအောင် အမြဲ ဂရုစိုက်ပြီးတော့ ဆုံးမတယ်။ ရိုင်းတဲ့ကလေး မဖြစ်အောင် ကိုယ် ကဘေး ကနေ ဆုံးမတော့ လိမ္မာ တယ်။ အထူးသဖြင့် မိဘတွေက သားသမီး ရှေ့မှာ စကားတောင် ကြမ်းကြမ်း မပြောသင့်ဘူး။ သူတို့ စိတ်ဒဏ်ရာ ရမှာ စိုးရိမ်တယ်။ အစ်မတို့ လင်မယားက အေးချမ်း တယ်။ အမျိုးသားဆို စိတ်ရှည်ပြီး သည်းခံ တတ်တဲ့ ယောက်ျားဆို တော့ တော်ရုံတန်ရုံ စကားမများ ရန်မဖြစ်ဘူး။ သားလေးကတောင် အစ်မ စိတ်ဆိုးလို့ အော်မိပြောမိရင် သူက ပြန်ပြောတယ်။ မေမေ ဘာဖြစ်လို့ အော်တာလဲ။ အဲဒီလို ကလေးမျိုး ဆိုတော့ ယောက်ျားရ တာ ကံကောင်းသလို ကိုယ်သား သမီးရတာလည်း ကံကောင်းတယ်။  မိဘဆိုတာ ကတော့ သား သမီးတွေ အတွက်ပေးဆပ်သူသက်သက်ပါ။
ထူးထူး တွေ့ဆုံမေးမြန်းသည်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment