ဓာတုဓာတ်ပေါင်းတစ်မျိုး ဖြစ်တဲ့ Steroid စွဲနေမှုကြောင့် လက်မောင်းများ ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတဲ့ Romario


ကာယဗလလေ့ကျင့်တာ စွဲလမ်းစေတတ်ပါတယ်။ ကြွက်သားတွေ စတက်တာနဲ့ မနားကြတော့ပါဘူး။ ဒါကလည်း “Human Hulk” ခေါ် Romario Dos Santos ရင်ဆိုင်ခဲ့တဲ့ ကိစ္စရပ်တစ်ခုပါပဲ။ ပြသနာတစ်ခုက အားစိုက်ကြိုးပမ်းဖို့ ပျင်းရိပြီး အဲဒီအစား Steroids ဓာတုဓာတ်ပေါင်းတစ်မျိုး မှီခိုအားထားဖို့ Romario ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ကိုယ်လုံးကိုယ်ပေါက် တက်လာဖို့ အသည်းအသန်၊ အရူးအမူးဖြစ်နေတဲ့ Romario “Synthol” ကို အဆမတန် သုံးစွဲလာခဲ့တယ်။
Synthol ဆိုတာ မျက်စိမှားလောက်သည်အထိ ကြွက်သားတွေ တက်စေဖို့ အသုံးပြုရတဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ ပြင်းထန်တဲ့ အာရုံကြောပျက်ဆီးမှု၊ အဆုတ်သွေးခဲမှု၊ လေဖြတ်ခြင်းနဲ့ ကြွက်သားပြည်တည်တာတွေ ဖြစ်စေတယ်လို့ သိရပါတယ်။
Romario ရဲ့ဟာက synthol စွဲခြင်းမှ ကိုယ်ကာယဗလ ပြောင်းလဲ ကျစ်လစ်စေခဲ့ပါတယ်။ သူ့လက်ရုံးကြွက်သားတွေ ကျောက်သားလို ဖြစ်ကုန်ကြပြီး ကြွက်သား မဖြစ်တော့ပါဘူး။ သဘာဝမဟုတ်တဲ့  Romario ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို လူတွေ စတင်သတိပြုမိပြီး မကြာမီမှာပဲ Romario အလုပ်လည်းပြုတ်ကာ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
သူ့လက်ရုံးကြွက်သားရဲ့ ကျောက်တုံးနဲ့တူတဲ့ အကျိတ်တွေကို ဆရာဝန်တွေ တွေ့ရှိတဲ့အချိန်မှာတော့ နောက်ထပ် စိတ်ဆင်းရဲစရာ ထပ်မံ ဝင်ရောက်လာပါတယ်။ ဒါပေမယ့် Romario ကံကောင်းခဲ့ပါတယ်။ ခွဲစိတ်ကုသမှု အကြိမ်ကြိမ်ဆောင်ရွက်ပြီးနောက် သူ့လက်မောင်းတွေ မူလအတိုင်းပြန်ဖြစ်သွားပါတယ်။ 
Ref:mensxp
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment