အရင်ကလို ပြောချင်တာကို ဒဲ့ပြောတာမျိုးထက် အနက်အဓိပ္ပါယ် ဖွဲ့ပြီး ပိုရေးဖြစ်လာတဲ့ X Box


တစ်ကိုယ်တော်ခွေကို ခဏနောက်ဆုတ်ပြီး အတွဲခွေနဲ့ အမ်တီဗီကို မိုးတွင်းမှာ အရင်ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ဆိုတဲ့ X Box နဲ့တွေ့ဆုံခိုက် "အခုလက်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ 4 album အမ်တီဗီ မိုးတွင်းမှာ ထွက်ဖို့ကျွန်တော်တို့ကြိုးစားနေတယ်။ ကျွန်တော်က၂ပုဒ်ရိုက်ပြီးသွားပြီ။ ရွှေထူးလဲ နှစ်ပုဒ် ရိုက်ပြီးသွားပြီ။ ထက်ယံနဲ့ lil ‘z လဲ ၁ ပုဒ်စီ ရိုက်ပြီးသွားပြီ ထင်ပါတယ်။ မိုးတွင်းမှာ ထွက်ဖို့ကြိုးစားနေတယ်။ အရင် စီဒီတုန်းကလဲ မိုးတွေ အရမ်းရွာတဲ့နေ့မှာ ထွက်ခဲ့တာဆိုတော့ တစ်နှစ်ပြန်လည် သွားတယ်ပေါ့။ မိုးတွေရွာနေရင်းနဲ့အခွေထွက်တော့ ပျာ်စရာကြီးပေါ့။ အမြဲတမ်းအသစ် အမ်တီဗီက မင်းသမီးမပါဘူး။ မော်ဒယ်လ်တစ်ယောက်ပဲပါမယ်။ ချစ်ခန်း၊ ကြိုက်ခန်းတွေ ကတော့ စိတ်သီချင်းမှာပဲ နည်းနည်းပါးပါးလောက် ပါမယ်။ ကျန်တာကတော့ မြောက်ကြွကြွနဲ့အထာကျတဲ့ ပုံမျိုးပဲ ရိုက်သွားမှာပါ။"လို့ သူက ပြောပါတယ်။
ရိုက်ကူးမှုအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သူက "ဒါရိုက်တာနဲ့ဆွေးနွေးစရာလေးတွေ ရှိသေးတော့ အတိအကျတော့ ပြောလို့မရသေးဘူး။ ကိုယ်တိုင်လဲ ၀င်သရုပ်ဆောင်ထားတော့ မမြင်ဖူးတဲ့ ပရိသတ်မြင်ရမှာပါ။ ဒါပေမဲ့ ဒါရိုက်တာက ကျွန်တော့်ကို မင်းသားကြီး တစ်ယောက်လို သရုပ်ဆောင်ခိုင်းတာ မဟုတ်ဘူး။ ကင်မရာရှေ့မှာ ကျွန်တော် လုပ်ချင်တာလုပ်နေတာကို သူကမိုက်တဲ့ ကဒ်လေးတွေ ကိုယူပြီး သုံးမှာပါ"တဲ့။
တစ်ကိုယ်တော်ခွေအတွက် ဘာတွေလှုပ်ရှားဖြစ်နေသလဲ ဆိုတာကိုတော့ "ထွက်ဖို့ရှိတယ်။ စီစဉ်နေတာကြာပါပြီ။ အတွဲခွေတွေ အရင်ထွက်နေတော့ တစ်ကိုယ်တော်ခွေကို ခဏနောက်ဆုတ်ထားရတယ်။ အခုလဲ ကျွန်တော်တို့ ရပ်တည်နေတဲ့ B - Lord Family အခွေ အရင် လုပ်နေပါတယ်။ ပရိုဂျူဆာတော့ မရှိသေးပါဘူး။ မိုးရာသီ အကုန်လောက်ထွက်ဖြစ်အောင် လုပ်နေပါတယ်။ အဓိက ကကျွန်တော်တို့ညီအစ်ကိုတွေ သီချင်းတွေ အရင်စုပြီး လုပ်နေတာပါ။ အရင်နဲ့အခုကွာခြားချက်ဆိုရင် အရင်ကတော့ မရင့်ကျက်သေးဘူး။ အခုတော့ ရင့်ကျက်သွားပါပြီ။ အပြောအဆို၊ ပရိသတ်နဲ့ စင်ပေါ်မှာ သီချင်းဆိုတဲ့ အခါမှာလဲ အပေးအယူတည့်သွားပြီ။ အရင်ကလိုလဲ စင်ပေါ်မှာ ပတ်ပြေးမနေတော့ဘူး။ အေးအေးဆေးဆေးနဲ့တည်ငြိမ်သွားပြီ။ အရင်ကလိုမျိုးလဲ သီချင်းကို ကိုယ့်စိတ်ထဲမှာ ရှိတဲ့ စာသားတွေ မစပ်တော့ဘူး။ အရင်ကဆို တစ်ခုခုဆိုဒဲ့ပြောတာများတယ်။ အခုတော့ အနက် အဓိပ္ပါယ်နဲ့ ဖွဲ့ပြီးရေးတတ်နေပြီ"တဲ့။
 Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment