ရန်ကုန်၊ ဇွန် ၉)
မြန်မာ ယူ၂ဝ အသင်းနည်း ပြချုပ် ဂတ်ဖရိုင်းဒရစ် သည် ယူ ၁၈ အသင်းအား ပြောင်းလဲ ကိုင်တွယ် ရန် ဆန္ဒရှိနေသည့် အပေါ် မြန်မာ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြန် ရောက်မှသာ ဆွေးနွေး ညှိနှိုင်းသွား မည် ဖြစ်ကြောင်း ယင်း အဖွဲ့ချုပ်မှ သိရသည်။
”သူ (မစ္စတာ ဂတ်ဖရိုင်းဒရစ်) ကလည်း ယူ၂ဝ အသင်းကို အောင် မြင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ကျွန်တော် တို့ကလည်း ဥက္ကဋ္ဌ ပြန် လာရင် ဒီကိစ္စ ကိုဆွေးနွေး သွားဖို့ ရှိ ပါတယ်”ဟု မြန်မာ ဘောလုံး အဖွဲ့ ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုး က ပြောသည်။
မြန်မာယူ ၂ဝ နည်းပြချုပ် အနေဖြင့်လည်း နိုင်ငံတကာမှ ဘောလုံး ကလပ် အသင်းများမှ လာရောက် ကမ်းလှမ်းမှုပေါင်း ၃ဝ ဝန်းကျင် ခန့် ထိရှိနေကာ လက်ရှိ လစာထက် ၆ဆ ခန့် ပိုသော ငွေကြေးများဖြင့် ကမ်း လှမ်းထားကြောင်း သိရသည်။
မစ္စတာ ဂတ်ဖရိုင်းဒရစ် အနေ ဖြင့် မြန်မာယူ ၁၈ အသင်း ကိုသာ ပြောင်းလဲ ကိုင်တွယ်ရန် ဆန္ဒရှိနေ ပြီး ၄င်းကို လာရောက် ကမ်းလှမ်း သည့် ဘောလုံး အေးဂျင့် များကို အကြောင်း ပြန်ကြားခြင်း မရှိသေး ကြောင်း သိရသည်။
မြန်မာ ယူ ၁၈ အသင်း နည်းပြချုပ် ဖြစ်သူ ဦးသန်းထိုက် အနေဖြင့်လည်း မစ္စတာ ဂတ်ဖရိုင်းဒရစ် မိမိအသင်းကို လာရောက်မည် ဆိုပါက ကြိုဆိုပါကြောင်း၊ လက်တွဲ လုပ်ဆောင် သွားရန်လည်း ဆန္ဒရှိကြောင်းပြောသည်။
မစ္စတာ ဂတ်ဖရိုင်းဒရစ်နှင့် မြန်မာဘောလုံး အဖွဲ့ချုပ်တို့ ချုပ်ဆိုထားသော စာချုပ်မှာလည်း တစ်နှစ်ခန့် ကျန်ရှိနေပြီး ၄င်းနှင့် ၂ဝ၁၁ ခုနှစ်က စတင် စာချုပ်ချုပ် ဆိုခဲ့ကြောင်း သိ ရသည်။
မြန်မာ ယူ၁၈ အသင်းအနေဖြင့်၂ဝ၁၆ အာရှ ယူ၁၉ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ဂတ်ဖရိုင်းဒရစ် ပြောင်းလဲ ကိုင်တွယ်ခွင့် ရရှိပါက ပြိုင်ပွဲ နီးကပ်နေသောကြောင့် လေ့ကျင့်ချိန် ၃လနီးပါး ခန့်သာ ရရှိမည်ဖြစ်သည်။
မြန်မာ ယူ၁၈ အသင်းမှာ၂ဝ၁၆ အာရှယူ၁၉ခြေစစ်ပွဲ ၌ ဗီယက်နမ်၊ ဘရူနိုင်း၊ ဟောင်ကောင်၊ တီမော အသင်းတို့နှင့် အုပ်စု(G) တွင်တစ်အုပ်စု တည်းကျရောက်လျက်ရှိပြီး စက်တင်ဘာ၂၈ရက် မှအောက်တိုဘာ ၆ ရက် နေ့ထိ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သို့သော် ယင်းအုပ်စုတွင် မည်သည့်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ကိုမူ သတင်း ထုတ်ပြန်မှု မရှိသေးပေ။
မစ္စတာ ဂတ်ဖရိုင်း ဒရစ် မှာမြန်မာ ယူ၂ဝအသင်း ကို၂ဝ၁၅ ခုနှစ် ဖီဖာယူ၂ဝ ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့ ပြီး မြန်မာ ပရိသတ်များ သဘော ကျသည့် နည်းပြ တစ်ဦးလည်းဖြစ်သည်။
ရန်နိုင်
Source:popularmyanmar.com
0 comments:
Post a Comment