နိုင်ငံတကာ အဆင့်မီ အနုပညာ ဗဟိုဌာနကို အမြန်ဆုံး တည်ဆောက်မည်



နိုင်ငံတကာ အဆင့်မီ အနုပညာ ဗဟိုဌာနကို အချိန်တိုတွင်း လျင်မြန် စွာ တည်ဆောက်နိုင်ရေး အတွက် ဇွန် လ ၁၇ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု အဖွဲ့သားတို့ နေပြည် တော် မှာ တွေ့ဆုံခဲ့ကြတယ် လို့ သိ ရပါတယ်။
”Myanmar Art Center  ကို တည်ဆောက်ဖို့ အတွက် ကျွန်တော် တို့နဲ့ သမ္မတကြီး တွေ့ဆုံဆွေးနွေးခဲ့ ကြတဲ့ ရလဒ် အရတော့ Myanmar Art Center  လို့ ယာယီ နာမည်ပေးထားတဲ့ National Center  ကြီးကို အခု ရက်ပိုင်းထဲမှာ ဆောက်လုပ် အကောင်အထည် ဖော်သွားတော့မှာပါ”လို့  မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း က ပြောပြပါတယ်။
အခုတွေ့ဆုံမှုမတိုင်ခင် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတ အဖွဲ့အစည်း တို့ နိုင်ငံ တကာ အဆင့်မီအနုပညာ ဗဟိုဌာန တည်ဆောက်ဖို့ အတွက် တစ်ကြိမ် တွေ့ဆုံခဲ့ပြီးနောက် မေလ တတိယပတ် မှာတော့ ရုပ်ရှင်၊ သဘင်၊ ဂီတ အဖွဲ့အစည်းက ဥက္ကဋ္ဌတို့ နဲ့အတူ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ ရုပ်ရှင်လုပ်ငန်း က ညွှန်ကြားရေးမှူး တို့ဟာ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ The Ultimate Culture Theme Park ကို သွားရောက် လေ့လာထားခဲ့ပါတယ်။
”ပြဇာတ်ရုံကြီး ဆောက်ပြီးရင်လည်း ရုပ်ရှင်တစ်ခုတည်း အတွက် လည်း မဟုတ်ဘူး။ ဂီတ တစ်ခုတည်း အတွက်လည်း မဟုတ်ဘူး။ အားလုံး အသုံးပြုနိုင်တဲ့Theatre ကြီးဆောက်မှာ ဆိုတော့ အားလုံးရဲ့ အကြံဥာဏ်တွေ နဲ့ ပူးပေါင်း တည်ဆောက်ရမှာပါ”လို့ ရုပ်ရှင် ဥက္ကဋ္ဌ ဦးလူမင်း က ပြော ခဲ့ပါတယ်။
”တည်ဆောက်တဲ့ အခါမှာ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုတဲ့အတွက် ၄လနဲ့ အဓိကကျတဲ့ ပင်မ အဆောက်အအုံတွေကို စတင် အကောင်အထည် ဖော်မယ်။ ကမ္ဘာ့ အဆင့်မီ ဆိုတဲ့ အတိုင်း သက်ဆိုင်ရာ ကော်မတီတွေလည်း ဖွဲ့ထားတယ်။ အဲ့ဒီကော်မတီတွေ ကနေ အကောင် အထည်ဖော်မယ်။ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပုတို့ ကလည်း လိုအပ်တဲ့ အကြံဥာဏ်များကိုပေးဖို့ သမ္မတကြီး ကလမ်းညွှန်တယ်။ အနုပညာနဲ့ ပတ်သက်ပြီး တင်ဆက် ချင်တာတွေကို တင်ဆက်နိုင်အောင် အားလုံး စီစဉ်ပေး မှာဖြစ်ပါတယ်” လို့ တွေ့ဆုံမှုမှာ သမ္မတရဲ့လမ်းညွှန်ချက် တွေနဲ့ ပတ်သက်ပြီး သဘင် အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ပန်တျာဦးမြကြည် ကပြောပါတယ်။
 နိုင်ငံတကာ အဆင့်မီအနုပညာ ဗဟိုဌာနရဲ့ အကျယ်အဝန်း ဟာ ၈ ဧက  ကျော် ကျယ်ဝန်းပြီး ရန်ကုန်မြို့ ဆယ်မိုင် ကုန်းရှိ အာလိန်ငါးဆင့်နား မှာဆောက် လုပ် သွားမှာဖြစ်ပြီး Myanmar Art Center မှာ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပုတို့ရဲ့ ပြခန်းများ၊ ဖျော် ဖြေရေး ဇာတ်ခုံကြီး စတာတွေ တည် ဆောက် သွားမှာဖြစ်သလို အဓိက ကျတဲ့ ဖျော်ဖြေရေး ဇာတ်ရုံကြီးကိုတော့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ သမ္မတက လမ်းညွှန် ခဲ့တယ်လို့ သိရပါတယ်။
လင်းအက္ခရာ၊ ထက်လူ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment